ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ဘေးကျရောက်လွယ်သည့် ဒေသများတွင် ကြိုတင်သတိပေးချက်များ အချိန်မီပေးပို့ ဆောင်ရွက်နိုင်ရန် Single Side Band – SSB ရေဒီယိုလှိုင်းသုံး ဆက်သွယ်ရေး စက်များအား တပ်ဆင်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အောက်တိုဘာလ တတိယ(၁၀)ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော် ၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်း ပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာပါ ၂ ရွာရှိ နေအိမ် ၁၆ လုံးအား ဖျက်သိမ်း၍ ကျေးရွာ အတွင်းသို့ ယာယီပြောင်းရွှေ့ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ယနေ့ နံနက်တွင် မကွေးလေ တပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်နှစ်စီး ပျက်ကျမှုသည် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ယနေ့ နံနက်တွင် တိုက်လေယာဉ် နှစ်စီးပျက်ကျပြီး လေယာဉ်မှူးနှစ်ဦး ကျဆုံးကာ မြေပြင်ရှိ ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်(လေ)မှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် ဝိုင်းမော်-ကန်ပိုက်တီ ကားလမ်းရှိ သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာ၍မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁) ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်စဉ်(၂၂) ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းယာဉ်မတော်တဆမှုများတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ 3A/×××× ဒိုင်နာ ၆ ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၅.၃၄)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၀)၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...