Connect with us

Environment, Disasters & Accidents

ဧရာဝတီ တိုင်းဒေသကြီး မအူပင် မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား ၊ လူ ၃ ဦး သေဆုံး

မအူပင် မြို့ နယ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး မအူပင်-ဆားမလောက် ကားလမ်းတွင် ဖေဖော်ဝါရီ ၁၄ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မအူပင်-ဆားမလောက်ကားလမ်း မိုင်တိုင် (၁၅/၃-၄) ကြား၌ ခရီးသည်တင် မှန်လုံယာဉ် တစ်စီး နှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မြောင်းမြပညာရေး ကောလိပ်မှ ဘွဲ့ ယူပြီး မော်လမြိုင်ကျွန်းသို့ ပြန်လာသော ကျောင်းဆရာ/မ ၁၁ ဦး လိုက်ပါ လာသည့် ယာဉ်တို့တိုက်မိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ကျောင်းဆရာ/မများ လိုက်ပါလာသည့် ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် ၃ ဦးမှာ သေဆုံးခဲ့ပြီး ယာဉ်နှစ်စီး ပေါ်မှ လိုက်ပါလာသူများထဲတွင် ဒဏ်ရာ ရရှိခဲ့သူ ၁၂ ဦး ရှိခဲ့ကြောင်း သိရသည်။ယာဉ်မောင်းနှင်သူ နှစ်ဦးအား မအူပင်မြို့မရဲစခန်းမှ ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန် နာကျင်စေမှု တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)