Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မြေစာပြိုကျပိမိ၍ ၆ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှု

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မြေစာပြိုကျပိမှုဖြစ်စဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မြေစာပြိုကျပိမိ၍ ၆ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ၁၃း၁၅ နာရီ တွင် ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာ၊ အရှေ့ မြောက်ဘက်(၁)ဖာလုံခန့်အကွာ၌ စပေါ့ရွာမှ ရတနာရောင်ခြည် ကုမ္ပဏီလုပ်ကွက်အတွင်းသို့ ဦးမင်းသက်(၃၅)နှစ် မောင်းနှင်လာသော Tertex ၆ ဘီး မြေသယ်ယာဉ်သည် လမ်းဘေးရှိ အမြင့် ၁၀၀ ပေခန့် ကမ်းပါးယံရုတ်တရက်ပြိုကျမှုဖြစ်ပွားခဲ့ သောကြောင့် မြေစာများ ပိမိခဲ့ပြီး ဦးမင်းသက်တွင် ယာလက်/ခြေထောက်၊ နဖူး/တင်ပါးပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဖားကန့်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါမြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူ စိုင်းခမ်းလှိုင်(ခ)ခမ်းလှိုင်(၂၂)နှစ် ရှမ်း/ဗုဒ္ဓ၊ ရေမဆေးကျောက်ရှာနေသူကျား ၆ ဦးမှာ မြေစာများ ပိမိခဲ့သဖြင့် မြန်မာသူရကုမ္ပဏီပိုင်ယာဉ်များဖြင့် တူးဖော်ရှာဖွေခဲ့ရာ ၁၈း၀၀နာရီတွင် စိုင်းခမ်းလှိုင်(ခ)ခမ်းလှိုင်ပါကျား ၆ ဦး၏အလောင်းများတွေ့ရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် သေမှုသေခင်းရေးဖွင့်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.