Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မော်တော်ယာဉ် ၅ စီး တိုက်မိမှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိမှု ဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မော်တော်ယာဉ် ၅ စီး တိုက်မိမှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၁၁း၀၀ နာရီ တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သာယာကုန်း ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် (၁၄၄/၁-၂)ကြား တံတားအမှတ် (၁/၁၄၅) ပေါ်၌ ရန်ကုန်မှ မော်လမြိုင်သို့ စိုးမိုး(၄၅)နှစ် မောင်းနှင်လာသော 7L/×××× Navara ယာဉ် (လိုင်စင်-စိစစ်ဆဲ)နှင့် မော်လမြိုင်မှ ရန်ကုန်သို့ ခွန်အောင်ချမ်းသာ(၂၅)နှစ် မောင်းနှင်လာ သော 3N/×××× Canter ယာဉ်(လိုင်စင်-စိစစ်ဆဲ)တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး 3N/×××× Canter သည် ရန်ကုန်မှ မော်လမြိုင်သို့ ဝိုင်းချစ်ဖြိုးအောင်(၂၂)နှစ် မောင်းနှင်ပြီး ဦးရွန်း(၆၆)နှစ် လိုက်ပါလာသော 5N/×××× Nissan Clipper ယာဉ်(လိုင်စင်-စိစစ်ဆဲ) အား ထပ်မံဝင်ရောက်တိုက်မိ၍ ဦးရွန်းတွင် ဦးခေါင်းနောက်စေ့၊ ဝဲရင်အုံ ဖူးရောင်နာကျင် ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားနေသည်ကို တွေ့မြင်၍ ရန်ကုန်မှ မော်လမြိုင်သို့ နေဝင်းစိုး (၄၅)နှစ် မောင်းနှင်လာသော 9E/×××× Hiace ယာဉ်(လိုင်စင်-စိစစ်ဆဲ)သည် လမ်းဘေးသို့ ချရပ်စဉ် ယာဉ်ကြောတူနောက်မှ ခင်မောင်ဇော် (၄၆)နှစ် မောင်းနှင်ပြီး ဦးမြစိုး (၅၄)နှစ် လိုက်ပါလာသော 1F/×××× Bongo ယာဉ်(လိုင်စင်-စိစစ်ဆဲ)မှာ ဘရိတ်ပေါက်၍ ဝင်ရောက် တိုက်မိခဲ့ရာ အဆိုပါယာဉ်မှာ ရှေ့သို့ ရွေ့ပါသွားသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားရာတွင်ကူညီ ဆောင်ရွက်ပေးနေသူ ဦးမျိုးအောင်(၄၄)နှစ်နှင့် ဒေါ်ဝင်းကြည်(၅၀)နှစ်တို့ ၂ ဦးအား ဝင်ရောက် တိုက်မိပြီး ယာဉ်မောင်း ခင်မောင်ဇော်မှာ ထွက်ပြေးသွားခဲ့ပါသည်၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် Bongo ယာဉ်ပေါ်မှ ဦးမြစိုးနှင့် ကူညီဆောင်ရွက်ပေးသူ ဒေါ်ဝင်းကြည် တို့ ၂ ဦးတွင် နှာခေါင်း၊ ရင်ဘတ်၊ ဝဲတံတောင်၊ တင်ပဆုံ ဖူးရောင်နာကျင် ဒဏ်ရာများ (စိုးရိမ်ရ)ရရှိပြီး၊ ဦးမျိုးအောင်တွင် ခါး၊ ဝဲတင်ပါး၊ ဝဲခြေသလုံး ပွန်းပဲ့ဒဏ်ရာများ (မစိုးရိမ်ရ) တို့ရရှိခဲ့၍ သထုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး Canter ယာဉ်မောင်း ခွန်အောင်ချမ်းသာ နှင့် Navara ယာဉ်မောင်း စိုးမိုးတို့ ၂ ဦး(ဖမ်းမိ)အား သထုံမြို့မရဲစခန်းမှ) ယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉(ယာဉ်မဆင်မခြင်မောင်းနှင်မှု) ဖြင့်လည်းကောင်း၊ Bongo ယာဉ်မောင်း ခင်မောင်ဇော်အား ယာဉ်(ပ)၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၀၂(ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန်နာကျင်စေမှု/သတင်းပေးရန်ပျက်ကွက်မှု) ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေး လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.