Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ ၁၂ဦးထိရှိလာ

သင်္ဘောနစ်မြုပ်သွားသည့် မီးပြတိုက်နေရာအား တွေ့ရစဉ်(MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဖေဖော်ဝါရီ ၁၁ရက်က ဆင်ပြောင်အမည်ရှိ သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လတ်တလော သေဆုံးသူ ၁၂ဦးထိရှိလာပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ နစ်မြုပ်သင်္ဘောပေါ်တွင် လူ ၂၆ဦးပါဝင်ကာ သင်္ဘောစတင်နစ်မြုပ်သည့် အချိန်၌ ၇ဦးအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၁၉ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ ယင်းပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေရာတွင် အလောင်း ၁၂လောင်းရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးသူ လူ၇ဦး ကျန်ရှိနေကြောင်း သိရသည်။

မာန်အောင်မြို့နယ် ဇီးတောကျေးရွာ ကမ်းခြေနှင့် တောရွာကျေးရွာ ကမ်းခြေများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင်၊မာန်အောင်မြို့၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာရှိ လက်ဖက်ကျွန်းမီးပြတိုက်သို့ ဖေဖော်ဝါရီ ၈ ရက်က မီးပြတိုက် ပြုပြင်ရန် ရောက်ရှိနေသော အဆိုပါ “ဆင်ပြောင်”အမည်ရှိ သဘောၤသည် ကမ်းတွင် ကျောက်ချထားရာမှ လှိုင်းရိုက်ခတ်မှုကြောင့် ရေအောက်ကျောက်ဆောင်နှင့် တိုက်မိပြီး သင်္ဘောဝမ်းဗိုက်ပေါက်ကာ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.