Connect with us

Environment, Disasters & Accidents

ရွှေပြည်သာဝါးတရာစက်မှုဇုန် အထပ်သားစက်ရုံမီးလောင်မှုကြောင့် လူ၆ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိ

ရွှေပြည်သာမြို့နယ်ရှိ အထပ်သားစက်ရုံမီးလောင်မှုအား မီးငြိမ်းသတ်နေစဉ်(ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံ မီးလောင်မှုကြောင့် ဖေဖော်ဝါရီ ၂၀ရက်ထိ လူ ၆ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အထပ်သားစက်ရုံသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီ ၃၇ မိနစ်တွင် ဘွိုင်လာပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူခြောက်ဦး၊ဒဏ်ရာရရှိသူ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။ယင်းအထပ်သားစက်ရုံသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ည ၈ နာရီခွဲမှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး Level 3 အဆင့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.