Connect with us

Environment, Disasters & Accidents

ရွှေပြည်သာမြို့နယ်ရှိ အထပ်သားစက်ရုံမီးလောင်မှုကြောင့် လူ တစ်ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိ

ရွှေပြည်သာမြို့နယ်ရှိ အထပ်သားစက်ရုံမီးလောင်မှုအား မီးငြိမ်းသတ်နေစဉ်(မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီ ၃၇ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အထပ်သားစက်ရုံမီးလောင်မှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ လူနာ ၂ဦးသည် စိုးရိမ်ရအခြေအနေရှိသဖြင့် ရန်ကုန်ဆေးရုံကြီး၌ တင်ပို့ထားပြီး အခြား ဒဏ်ရာရရှိသူ လူနာ ၁၂ဦးကို အင်းစိန်ဆေးရုံတွင် တင်ပို့ထားကြောင်း၊ အဆိုပါ အင်းစိန်ဆေးရုံရှိ ဒဏ်ရာရလူနာထဲမှ တစ်ဦးသည် ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းအထပ်သားစက်ရုံသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ည ၈ နာရီခွဲမှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး Level 3 အဆင့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.