Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၌ ဇီဝိတဒါနငါးလွှတ်ပွဲအဖြစ်  ငါးသားပေါက်ကောင်ရေ ၁၀,၀၀၀ လွှတ်ပေး

ဖျာပုံ၊  ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ငါးသယံဇာတ တိုးပွားလာစေရန် ရည်ရွယ်၍ ခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဇီဝိတဒါနအဖြစ် ဖျာပုံမြစ်အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်နှင့် ငါးခုံးမငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာနဆိပ်ကမ်းမှ ဖျာပုံမြစ်အတွင်းသို့ ဧပြီလ ၁၇ ရက် နံနက်ပိုင်းက ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ ကျင်းပပြုလုပ်​ခဲ့သည်။ 

အဆိုပါ ဇီဝိတဒါန ငါးလွှတ်ပွဲ၌ ဇီဝိတဒါနအဖြစ် ဖျာပုံမြစ်အတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၅,၀၀၀ နှင့် ငါးခုံးမငါးသားပေါက်ကောင်ရေ ၅,၀၀၀ စုစုပေါင်း ငါးကောင်ရေ ၁၀,၀၀၀ အား လွှတ်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။ (Xinhua)