နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက် လူမှုကွန်ရက်တွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်လျက်ရှိကြောင်း ကောလာဟလ သတင်းအချို့ဖော်ပြနေကြောင်းသိရှိရသည်။ ဖြစ်စဉ်အမှန်မှာ ဘဏ်များပိတ်ထားမှုမရှိဘဲယနေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက် မှုများကြောင့်သာ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တနှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ရန် အစည်းအဝေး လျာထားချက်အား ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ငွေကျပ် ၁.၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်အား သုတေသနပြုလုပ်ရန် ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဆင်ဟွာသို့ ဇန်နဝါရီ...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်ကားလမ်းတွင် ငွေကျပ် သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာခဲ့သည့် တတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမနေ့ အစည်းအဝေးကို ဖေဖော်ဝါရီ (၂) ရက်နေ့နံနက် ၁၀:၀၀ နာရီသို့ ရွှေ့ပြောင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် မြန်မာနိုင်ငံ၌မြေဩဇာ၊မျိုးစေ့၊ပိုးသတ်ဆေးစသည့်စိုက်ပျိုးရေးသွင်းအားစုများကိုမှတ်ပုံတင်ခြင်း၊လိုင်စင်ထုတ်ပေးခြင်း၊တင်သွင်းခွင့်ထောက်ခံချက်ထုတ်ပေးခြင်းစသည့် လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်မည့် Myanmar Agricultural Import Registration System (MAIRS) ကို ဇန်နဝါရီ ၂၇ ရက်မှ စတင် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊...
နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း ယနေ့နံနက် အစောပိုင်းမှ စ၍ နေပြည်တော်သို့ ဝင်ရောက်လာသည့် ကားများကို အမြန်လမ်းရှိ စစ်ဆေးရေးဂိတ်များတွင် ဆိုင်းငံ့ထားရှိသည်မှာ မှန်ကန်ကြောင်း၊ ယာယီ ဆိုင်းငံ့ထားခြင်းသာ ဖြစ်ကြောင်းနှင့် ယနေ့ ညနေပိုင်းတွင် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နေပြည်တော်...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ခရီးသွားလုပ်ငန်းများ ရပ်နားထားခဲ့သဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်လက်မဲ့ဦးရေ ၅၆၀,၀၀၀ ဝန်းကျင်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၈ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။