Connect with us

Myanmar

တရုတ်နိုင်ငံတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၊ မီတာ ၁,၀၀၀ အမျိုးသား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းက ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိ

တရုတ်နိုင်ငံ၊ ဝန်းကျိုးမြို့၊ နဂါးလှေလှော်စင်တာတွင် မီတာ ၁,၀၀၀ နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံလှေလှော်အသင်း အားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဝန်းကျိုးမြို့၊ နဂါးလှေလှော်စင်တာတွင် ကျင်းပသည့် ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၊ မီတာ ၁,၀၀၀ အမျိုးသားနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းက ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။

တရုတ်နိုင်ငံ၊ ဝန်းကျိုးမြို့၊ နဂါးလှေလှော်စင်တာတွင် မီတာ ၁,၀၀၀ နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံလှေလှော်အသင်း အားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်)

ဦးခွန်ဂျာအောင်က “မြန်မာနိုင်ငံလှေလှော်အသင်းအနေနဲ့ နဂါးလှေ မီတာ ၅၀၀ ပြိုင်ပွဲမှာ အမျိုးသမီးအသင်းက ကြေးတံဆိပ်ရရှိခဲ့ပါတယ်။ နဂါးလှေ မီတာ ၁,၀၀၀ ပြိုင်ပွဲမှာ အမျိုးသားအသင်းက ရရှိခဲ့ပါတယ်” ဟု ပြောသည်။

ပြိုင်ပွဲများအားလုံးပြီးဆုံးချိန်တွင် နဂါးလှေ မီတာ (၂၀၀) ပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီးအသင်းက အဆင့် (၄) ၊ နဂါးလှေ မီတာ (၅၀၀) ပြိုင်ပွဲတွင် အမျိုးသမီးအသင်းကကြေးတံဆိပ်၊ အမျိုးသားအသင်းက အဆင့်(၅)နေရာရရှိခဲ့ပြီး နဂါးလှေ မီတာ(၁,၀၀၀) ပြိုင်ပွဲတွင် အမျိုးသားအသင်းက ကြေးတံဆိပ်နှင့် အမျိုးသမီးအသင်းကတော့ အဆင့်(၆)နေရာ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးသူရဟန်က “ပရိသတ်ကလည်း ကိုယ့်နိုင်ငံက အားကစားအဖွဲ့က အာရှအဆင့််မှာ ဆုရတော့ ပျော်ကြတာပေါ့ဗျာ။ အားကစားသမားတွေက အကောင်းဆုံးယှဉ်ပြိုင်ခဲ့ကြတာတွေ့ရတယ်။ အာရှအဆင့်မှာ ဆုရဖို့ဆိုတာက မလွယ်ဘူးလေ။ ဆီးဂိမ်းစ်ထက်လည်းမြင့်တော့ သူတို့အစွမ်းကုန်ကြိုးစားပြီးယှဉ်ပြိုင်သွားတာ တွေ့ရတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၆ ရက်တွင်ပြောသည်။

ဆီးဂိမ်းစ် ပြိုင်ပွဲ ပြီးသည့်အချိန်မှစ၍ မြန်မာ့လက်ရွေးစင်အသင်းအနေနှင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဦးသူရဟန်က “အာရှအဆင့်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့အတွက် နိုင်ငံတော်ကလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်လို့ထင်ပါတယ်။ အောက်တိုဘာ ၇ ရက် ၃နာရီ ၁၀ မိနစ်မှာ လှေလှော်အားကစားအဖွဲ့တွေ ဆုတံဆိပ်တွေနဲ့အတူ ပြန်လည်ရောက်ရှိိလာမှာပါ” ဟု ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.