Connect with us

Culture & Entertainment

ပြည်တွင်း ၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိသည့် အင်းဝမြို့ဟောင်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နာမည်ကျော် ခရီးသွားနေရာတစ်ခု ဖြစ်သည့် အင်းဝမြို့ဟောင်းသို့ လာရောက်လည်ပတ်ကြသူများအား စက်တင်ဘာ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မန္တလေး ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်းဝမြို့ဟောင်းက စိတ်ဝင်စားဖွယ်လေ့လာစရာ များစွာတည်ရှိပြီး ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်လျက် ရှိသည့် နာမည်ကျော် ခရီးသွားနေရာ တစ်ခု ဖြစ်သည်။

ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

အင်းဝသည် ၁၄ရာစုမှ ၁၉ရာစုအတွင်း မင်းဆက်အများအပြား၏ မြို့တော်အဖြစ် တည်ရှိခဲ့ပြီး ဧရာဝတီမြစ်နှင့်မြစ်ငယ်မြစ်တို့၏ ကမ်းပါးပေါ်တွင် တည်ရှိသည်။ မန္တလေးမှ ၂၁ ကီလိုမီတာခန့်ဝေးပြီး ၎င်း၏အဓိကဆွဲဆောင်သောအရာမှာ ၁၉ရာစုခေတ်က မဟာအောင်မြေဘုံဇံကျောင်းနှင့် ၁၈၃၀ခုနှစ်ပတ်ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ကြီးမားလှသည့် ကျွန်းတိုင်ကြီး ၃၀၀ နီးပါးဖြင့် ထောက်ကာ တည်ဆောင်ထားသည့် ဗားကရာကျောင်းတို့ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်း၏ ကွေ့ကောက်လှသော သစ်သားပန်းပုလက်ရာကြောင့် ထင်ရှားလှသည်။ (Xinhua)