ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် နိုင်ငံသား စိစစ်ရေးကတ် အတုဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်းများ ပြုလုပ်၍ ရောင်းချမှုများ ရှိနေသဖြင့် မှန်၊ မမှန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးဆွေက...
နေပြည်တော်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ပဲခူး-ကျိုက်ထို အမြန်လမ်းမ ကြီး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB:_ Asia Development Bank) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈...
နေပြည်တော်၊ဇူလိုင်၂၈ရက်(ဆင်ဟွာ) လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကိုလျော့ကျစေသည့်အပြင်မီတာဖတ်ရှုရာ၌လူကြောင့်ဖြစ်ပေါ်စေသောအမှားများပပျောက်စေရန် AMI (Advanced Metering Infrastructure) စနစ်ကိုအသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊လျှပ်စစ်ဌာန၏ထိန်းချုပ်ခန်းမှတစ်မြို့နယ်လုံးရှိမီတာအားလုံးကိုအချိန်တိုအတွင်းမီတာဖတ်ရှုနိုင်သည့်အဆိုပါ AMI စနစ်ကိုတပ်ဆင်နိုင်ရန်အတွက်မကြာခင်တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခင်မောင်ဝင်းကပြည်သူ့လွှတ်တော်ယနေ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား ရရှိမှု မြှင့်တင်ရေး စီမံကိန်းအတွက် အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးငွေ ရယူရေးကို...
နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူ ထုတ်ဝေမှုကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌သာ တွေ့ရှိရသောရှားပါး ငှက်မျိုးစိတ် (၉) မျိုးအနက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ချပ်သင်းဘေးမဲ့တောအတွင်း ရှားပါးငှက် (၆) မျိုး တွေ့ရှိရကြောင်း ချပ်သင်းဘေးမဲ့တော မှ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ဆင်ဟွာသို့ဇူလိုင် ၂၆ ရက်တွင် ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည်စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိဖောင်းပြင်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် သို့ ကျော်လွန်ရောက်ရှိနေကြာင်း၊ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြစ်ရေဌာန မှဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ဆင်ဟွာကို ဇူလိုင် ၂၅...
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကို ယနေ့ဇူလိုင် ၂၅ ရက်တွင် စတင်ကြည့်ရှုနိုင်ပြီဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း မဲစာရင်းများ လာရောက်ကြည့်ရှုနေကြပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် သစ္စာရှိသူများနှင့် အတွေ့အကြုံရှိသူများကို အဓိက ရွေးချယ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံ့ ဘဏ္ဍာကို အလွဲသုံးစား ပြုလုပ်ကြောင်း စစ်ဆေး ပေါ်ပေါက်လာပါက အလွဲသုံးစား ပြုလုပ်သော ငွေကြေးပမာဏအား ပြန်လည် ပေးလျော်စေခြင်းသည် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိဟု မဆိုနိုင်သော်လည်း အဂတိလိုက်စားမှုကို လျှော့ချနိုင် သည်...