Connect with us

Politics, Law & Military

ကျပ်သိန်း ၂,၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ လားရှိုးမြို့နယ်၌ ဖမ်းဆီးရမိ

တရားခံများအား သိမ်းဆည်းရမိသော ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လားရှိုးမြို့နယ် နောင်လိုင်ကျေးရွာအနီး လားရှိုး-နမ္မတူ သွား ကားလမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီ ၁၆ ရက်တွင် လားရှိုးမြို့ဘက်မှ နမ္မတူမြို့ဘက်သို့ မောင်းနှင်လာသည့် FORLAND အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စိစစ်ရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် ၁၆.၅ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်အရေးယူထားရှိပြီး သိမ်းဆည်းရမိသော ဘိန်းဖြူများမှာ လားရှိုး မြို့နယ်မှ မန်တုံမြို့နယ်သို့သယ်ဆောင်၍ ထိုမှတစ်ဆင့် မန်တုံ-မိုးမိတ်-ကချင်ပြည်နယ် သို့ သယ်ယူရောင်းချမည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.