Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂ဝပြည့်နှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၇၅၅သန်းကျော် ဆုံးရှုံးဟုဆို

နေအိမ် မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် (မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂ဝပြည့်နှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၇၅၅သန်းကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထွဋ်ဦး က ပြောကြားသည်။

ယခင်နှစ်တစ်နှစ်လုံးတွင် မီးလောင်မှု(၂၂၆)ကြိမ် ဖြစ်ပွားခဲ့ရာ ငွေကျပ် ၇၅၅.၄၆ သန်း ဆုံးရှုံးခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ မီးလောင်မှုများတွင် မီးဖိုမီး(၅၁)ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်(၆၅.၀၈)သန်း၊ ပေါ့ဆမီး (၅၉) ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုးကျပ်(၁၄၁.၇၃)သန်း၊ လျှပ်စစ်မီး(၅၀)ကြိမ်တွင်ဆုံးရှုံးမှု တန်ဖိုး ကျပ်(၅၈.၆၇)သန်း၊ ရှို့မီး(၄၁)ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်(၄၄.၅၃)သန်း၊ အလိုအလျောက် မီး(၆)ကြိမ်တွင်ဆုံးရှုံးမှု တန်ဖိုးကျပ် (၄၃၆.၂၅)သန်း၊ တောမီး(၁၇)ကြိမ်တွင် ဆုံးရှုံးမှုတန်ဖိုးကျပ်(၉)သန်းနှင့် မိုးကြိုးမီး(၂) ကြိမ်တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် (၂၀)သန်း အသီးသီး ရှိခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။

အဆိုပါ မီးလောင်မှုများသည် စစ်ကိုင်းခရိုင်အတွင်း(၂၅)ကြိမ်၊ မုံရွာခရိုင်အတွင်း(၄၅)ကြိမ်၊ ယင်းမာပင်ခရိုင်အတွင်း(၂၉)ကြိမ်၊ရွှေဘိုခရိုင် အတွင်း(၄၉)ကြိမ်၊ ကန့်ဘလူခရိုင်အတွင်း(၁၆)ကြိမ်၊ ကောလင်းခရိုင် အတွင်း(၁၀)ကြိမ်၊ ကသာခရိုင်အတွင်း(၁၇)ကြိမ်၊ ကလေး ခရိုင် အတွင်း(၈)ကြိမ်၊ တမူးခရိုင် အတွင်း(၁၀) ကြိမ်၊ မော်လိုက်ခရိုင်အတွင်း(၁)ကြိမ်နှင့် ခန္တီးခရိုင်အတွင်း(၁၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117