ရန်ကုန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်း၌ ဧပြီ ၉ ရက်မှ ဇွန် ၁ ရက်အထိ ကာလအတွင်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး...
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံ၏ ငါးထပ်ဆောင်သစ်ရှိ ဓာတ်မှန်ခန်းတွင် ယနေ့ (ဇွန် ၁ ရက်) ညနေ ၅နာရီ ၂၃ မိနစ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ ဆေးရုံတာဝန်ခံတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
နေပြည်တော်၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဉ္စမနေ့(၂၈ – ၅ – ၂၀) တွင် မိုင်းပြင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က...
နေပြည်တော်၊ ဇွန် ၁ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေ သက်သာစွာ ဆန္ဒမဲ ပေးနိုင်ရန် ရည်ရွယ်ပြီး မဲရုံများ၊ မဲရုံ ဝန်ထမ်းများ တိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က...
ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့ နှင့် ကလောမြို့များတွင် စုစုပေါင်း ငွေကျပ် ၇၈.၇၂၅ ဘီလီယံ တန်ဖိုးရှိ ICE (မက်သာအဖက်တမင်း)များ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)မှ မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာနှင့် တွီးထန်တံတားကြားတွင် ယနေ့ (မေ ၃၁ ရက်) နံနက်အစောပိုင်း၌ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါ လူ(၂) ဦး...
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း မေ ၃၀ရက်က ကျပ်သိန်းပေါင်း ၁၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ နန္ဒဝန်လမ်းတွင် ယနေ့ ည ၈နာရီ ၅၅မိနစ်၌ (၄)ထပ်တိုက်ပြိုကျမှုကြောင့် ပိတ်မိနေသူ(၃)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ယင်းတိုက်ပြိုကျမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်နေသော မီးတတ်အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှ မေ ၂၉ ရက် ညနေအထိ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါကြောင့် ဝက် ၁၈၇ ကောင် သေဆုံးမှုဖြစ်ပွား ခဲ့ပြီး တစ်ပတ်အတွင်း...