Connect with us

Environment, Disasters & Accidents

သြဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံး၌  ငလျင် ၁၈ ကြိမ်လှုပ်ရှားခဲ့

ငလျင်လှုပ်ရှားမှုပြလှိုင်းကြိမ်နှုန်းပုံအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) 

သြဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံး၌  စုစုပေါင်း ငလျင် ၁၈ ကြိမ်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ယနေ့ စက်တင်ဘာ ၁ရက် တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

“သြဂုတ်လ မှာ ငလျင် က ၁၈ ကြိမ်လှုပ်ခဲ့တယ်။ အင်အား အနည်းငယ်ငလျင်တွေပဲ ဖြစ်တယ်။ ဒါကြောင့် သြဂုတ်လ မှာလှုပ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီး ပျက်ဆီးဆုံးရှုံးမှုတွေ မရှိခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။သြဂုတ်လအတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ် တို့တွင်ငလျင်လှုပ်ရှားခဲ့ပြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ငလျင်အကြိမ်ရေအများဆုံးလှုပ်ရှားခဲ့ကြောင်း သိရသည်။

သြဂုတ်လ တွင်လှုပ်ရှားခဲ့သည့် ငလျင်များသည်  အင်အားရစ်(ခ်)တာစကေး ၃ ဒသမ၁ မှ ၄ဒသမ ၈ အကြား အသီးသီး ရှိခဲ့ကြောင်း သိရသည်။“ငလျင်က ရာသီဥတုအခြေအနေနဲ့ လည်းမဆိုင်ဘူး။ သူကကြိုတင်တွက်ချက်လို့မရတဲ့ သဘာဝဘေးဖြစ်ပြီး၊ သူလှုပ်ချင်တဲ့ အချိန်မှာ လှုပ်ရှားတာဖြစ်တယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ဇူလိုင်လတွင် မြန်မာတစ်နိုင်ငံလုံး ၌  စုစုပေါင်း ငလျင် ၂၃ ကြိမ်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။  (Xinhua)