နေပြည်တော်၊ ဖေဖော်ဝါရီ ၄ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ တရားမဝင် ဘိန်း စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ ကျဆင်းလာခဲ့ရာ ၂၀၁၉ ခုနှစ်၌ ၂၀၁၈ခုနှစ် ထက် ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲ စေတတ်သော ဆေးဝါးများ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဖေဖော်ဝါရီ ၆ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဇန်နဝါရီ (၃၁) ရက် က China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် 2019 Novel Coronavirus စောင့်ကြည့်လူနာဖြစ်သော တရုတ်နိုင်ငံသား ၁ ဦး နှင့် အဆိုပါလေယာဉ်ပေါ်တွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) အထက်မြန်မာပြည်အတွက် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မည့် ၁၀၀ အမ်ဗွီအေ တီအီးဖြင့် လည်ပတ်သော ၂၃၀ ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ဖြစ်သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀) ပွဲတော်အား ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်း၌ ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guangzhou) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် (၁၀:၄၅)နာရီ အချိန်ခန့်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားခရီးသည် တစ်ဦး သည် လေဆိပ်သို့ဝင်လာချိန်၌ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) ဖြင့် တိုင်းတာချက်အရ ကိုယ်အပူချိန်အနည်းငယ်မြင့်မားနေသည့်အတွက် ၎င်းအား...
နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၈-၁၉ခု ဘဏ္ဍာနှစ်တွင် (၁၉၆) ဘီလီယံကျပ် ကို အသုံးပြု၍ ဆေး၊ ဆေးပစ္စည်းနှင့် ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် (အနောက်ပိုင်း)ခရိုင်၊ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ဧရိယာအစိတ်အပိုင်းအချို့အား အနောက်ပိုင်းခရိုင်အတွင်းရှိ လမ်းမတော်မြို့နယ်နှင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ ဗိုလ်တထောင်မြို့နယ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းပြီး ဆိပ်ကမ်းမြို့နယ်အား ပယ်ဖျက်ခြင်းနှင့် ရန်ကုန်(မြောက်ပိုင်း)ခရိုင်အတွင်းရှိ လှိုင်သာယာမြို့နယ်အား နှစ်ပိုင်းခွဲပြီး မြို့နယ်နှစ်ခုအဖြစ် သတ်မှတ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော် ယနေ့အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်။
၁ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စစ်ဆေးတွေ့ရှိခဲ့သည့် ဖျားနာခရီးသည်တစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံ ရှိ သီးခြားခန်း (isolation room)သို့ ပို့ဆောင်ထားရှိပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019 nCoV...
နေပြည်တော် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ(Myanmar Cotton Development Strategy) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။