Connect with us

Politics, Law & Military

တစ်ဆင့်ထက် တစ်ဆင့် ယုံကြည်မှု တည်ဆောက်ရန်နှင့် လက်ရှိအခြေအနေနှင့် အလှမ်းမကွာစေရန် JMC ဥက္ကဌ ပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျော်ဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့ ၉ ကြိမ်မြောက် တရုတ်-အာရပ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အနေဖြင့် လက်ရှိ အခြေအနေနဲ့ ကိုက်ညီသည့် မိမိတို့ ပုံဖော်လိုသော ပုံရိပ်ကို ညှိနှိုင်း ဆွေးနွေး ကြပြီး တစ်ဆင့်ထက် တစ်ဆင့် ယုံကြည်မှု တည်ဆောက်သွားဖို့ လိုအပ်ပြီး အလှမ်းမကွာကြဖို့ လိုအပ်သည်ဟု ၎င်း JMC ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့ ပြောကြားခဲ့သည်။

“JMC လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် NCA ပါ ဖော်ပြချက် များအတိုင်း စောင့်ကြည့်ရေး၊ စိစစ် အတည်ပြုရေး၊ ပဋိပက္ခ ဖြေရှင်းရေး တို့ကို ဆောင်ရွက်ကြရမှာ ဖြစ်သောကြောင့် ကော်မတီဝင် အားလုံးက ဘက်လိုက်မှု ကင်းခြင်း၊ ပွင့်လင်း မြင်သာမှု ရှိခြင်းတို့ကို အခြေခံပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါတယ်” ဟုလည်း ဥက္ကဌက ပြောကြားခဲ့သည်။

မိမိဖော်လိုသည့် ပုံရိပ်သည် လက်ရှိအခြေအနေနှင့် အလှမ်းဝေးနေပါက ညှိနှိုင်း ဆွေးနွေးရာ၌ ကြန့်ကြာ တတ်ကြောင်း၊ ကြန့်ကြာလာသည်နှင့် အမျှ လမ်းကြောင်း လွဲသွားနိုင်ကြောင်း၊ JMC သည် NCA ပါ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးလုပ်ငန်းများကို ပိုမို ပီပြင်စွာ ဆောင်ရွက်နိုင် ဖို့အတွက် ပဋိပက္ခ ဖြစ်သည့် နေရာများတွင် ဒေသခံ အရပ်သား စောင့်ကြည့်ရေး အဖွဲ ့များဖွဲ့စည်းဖို့ လိုကြောင်း၊ ထိုအချက်နှင့် ပတ်သက်ပြီး JMC (၁၀)ကြိမ်မြောက်၊ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေးများတွင် သဘောတူညီချက် ရရှိထားပြီး ဖြစ် ကြောင်း၊ ယနေ့အစည်းအဝေးမှာလည်း ဒေသခံ စောင့်ကြည်သူများနှင့် ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်း ဆွေးနွေး ကြစေလိုကြောင်း၊ JMC တွင် အတည်ပြု ပြဌာန်းထားသော လုပ်ငန်း လမ်းညွှန် များ၊ လုပ်ထုံး လုပ်နည်းများအား လိုအပ်ပါက ပြန်လည် သုံးသပ်ပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီ အောင် စီမံ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ တစ်ဘက်နှင့် တစ်ဘက် ဝိဝါဒ ကွဲပြားမှုများ ရှိနိုင်ကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေးကို အခြေခံပြီး စေ့စပ် ညှိနှိုင်း ဆောင်ရွက်သွားကြဖို့ အကြံပြုပါကြောငိး ၄င်းပြောကြားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်နှင့် ဆယ်လတာအတွင်း မကျင်းပနိုင်ဘဲ ရပ်နားထားခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC) အစည်းအဝေးအား နေပြည်တော် Horizon Lake View Hotel တွင် (၁၉) ကြိမ်မြောက်အစည်းအဝေးအဖြစ် ယနေ့ ပြန်လည် ကျင်းပနိုင်ခဲ့ရာ အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ဥက္ကဌက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ဇူလိုင်လ ၇ ရက်မှ ၈ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးသို့အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် NRPC မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)