ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးမူဝါဒသစ်တွင် ဖြစ်ပွားမှုများပြားသော မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးကို ဦးစားပေးထည့်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားကျန်းမာရေးမူဝါဒပြန်လည်ရေးဆွဲရေးအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်းဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် အတွက် အမျိုးသား စာပေတစ်သက်တာဆု ၊ အမျိုးသားစာပေဆု နှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို နိုဝင်ဘာ ၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ဘီနန်ကွင်း၌ စတင်ကျင်းပရာ မြန်မာအသင်းနှင့် အိမ်ရှင်ဖိလစ်ပိုင် အသင်း ဂိုးမရှိသရေရလဒ် ထွက်ပေါ် ခဲ့ပြီး မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၂ ရက်...
နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တောင်သူများအတွက် ဈေးကွက်၊ ဈေးျနှုန်းအာမခံချက်များနှင့် အခြား အထောက်အပံ့များ ပါဝင်သည့် ကန်ထရိုက် လယ်ယာ (contract farming) အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နည်းပညာများ ကူညီပေးမည်ဟု ၎င်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က...
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းရှိ ကျွဲကျိုးတောင်(ခ)ကျောက်ဖျာကောတောင်တွင် အမျိုးသား တစ်ဦး တရားမဝင်ရွှေတူးဖော်ရာမှ မြေပိသေဆုံးခဲ့ေ ကြာင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အနက်(၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့ကို ပူးပေါင်းကာ “စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီး ဌာန” အဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ထောက်ခံ ဆန္ဒမဲ ၃၄၉ မဲ၊...
နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ် – မြန်မာ နှစ်နိုင်ငံတရားရေး ကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr. Chen Hai က ယနေ့ နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပေးပို့သောစာရင်းများအရ ၂၀၁၉ ခုနှစ်အတွင်း စက်တင်ဘာလ အထိ မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်လာရောက်မှုစာရင်း အရ ၃,၁၄၄,၂၇၀ (သုံးသန်းကျော်) ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။