Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာ

၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များအား ယနေ့ ဇွန် ၂၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကြေညာခဲ့သည်။

သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ် အသီးသီး ရှိကြောင်း သိရသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကော်မရှင်အနေဖြင့် တတိယ အကြိမ်လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် ကျင်းပပေးမည် ဖြစ်ကြောင်း၊ ယနေ့အချိန်ကာလသည် ကမ္ဘာ တစ်ဝန်း ကိုဗစ် − ၁၉ ရောဂါ ဖြစ်ပွား လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း COVID-19 ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားနေသည့်အချိန် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို  လက်ရှိဖြစ်ပေါ်နေသည့်  COVID-19 ရောဂါ ထိန်းချုပ်နိုင်မှု အပေါ်မူတည်ပြီး သတ်မှတ်ကြေညာပေးသွားမည် ဖြစ်ကြောင်း ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအရ သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာပြီးသည်နှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်ကြေညာပေးမည် ဖြစ်ကြောင်း၊ ယနေ့အထိ နိုင်ငံရေးပါတီ ၉၇ ပါတီ ရှိပြီးဖြစ်ပြီး ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117