Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ပုံစံသစ်ဖြင့် ကျင်းပရန်စီစဉ်မည်ဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပစဉ်(ကြေးမုံ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို COVID-19 ရာဂါအတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ပုံစံဖြင့်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးထံမှ သိရသည်။

COVID-19 ရောဂါ သည် အားလုံးကို  ထိခိုက်စေခဲ့ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း နှောင့်နှေးမှုဖြစ် စေခဲ့ကြောင်း၊ငြိမ်းချမ်းရေးခရီးစဉ်သည် လွယ်ကူသည့် ခရီးစဉ်မဟုတ်ကြောင်း ၊ရောဂါ ဖြစ်ပွားမှု မတိုင်မီကပင် ငြိမ်းချမ်းရေးခရီးစဉ်၏ ရှေ့ဆက်သွားရမည့် နည်းလမ်းများကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ EAOများနှင့် အမြဲမပြတ် ဆွေးနွေးခဲ့ကြောင်း၊ အစောပိုင်း တွင် ဆွေးနွေးညှိနှိုင်းမှုများ ကြန့်ကြာသော် လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ခေါ်ယူနိုင်ပြီးနောက်တွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း အစည်းအဝေး၌ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ          ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

COVID-19 ရောဂါမဖြစ်ပွားခဲ့ပါက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို သုံးလ ခန့်စော၍ ကျင်းပနိုင်မည်ဖြစ်ကြောင်း ၊ ယခုအခါ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကို General Debate တွင် ပုံမှန် တက်ရောက်နေကျ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲ များ မတက်ရောက်ဘဲ Video Conferencing ဖြင့်        ပြုလုပ်သွားမည်ဆိုသည့် အချက်ကို ကြည့်၍ မိမိတို့အနေဖြင့် (၂၁)ရာစုပင်လုံကို ကျင်းပသည့်အခါတွင်လည်း အကျဉ်းချုံးလုပ်နိုင်သည့် အခြေအနေရှိသည်ဟု သုံးသပ်ကြောင်း ၎င်းကဆိုသည်။ ငြိမ်းချမ်းရေးကိစ္စသည် အရေးကြီးသည့်အတွက် COVID-19ကာလတွင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီအစည်းအဝေးကို ဇွန် ၃၀ ရက်တွင်  နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်ရာ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊    ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့်   ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊   ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊  ဦးကျော်တင်၊  ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊    ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့  ရဲချုပ်  ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊    အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.