Connect with us

Sport

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီ တရုတ်နိုင်ငံ၌ နိုဝင်ဘာလအထိ  ကျင်းပမည့် Elite Tour  2020  8  Ball   ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်မည် 

မြန်မာ #Pool ကစားသမား #ဘုန်းမြင့်ကျော် (ခ) အားတီ အားတွေ့ရစဉ် (ဓာတ်ပုံ-- ကိုအားတီ Facebook)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) အားတီ သည်  တရုတ်နိုင်ငံ၌ နိုဝင်ဘာလအထိ ကျင်းပမည့်  Elite Tour  2020  8  Ball   ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကိုအားတီက ဆင်ဟွာကို ဇွန်၂၇ ရက်တွင်ပြောသည်။ 

ယင်းပြိုင်ပွဲကို  ဇွန်လမှ  နိုဝင်   ဘာလအထိ    ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်မတိုင်မီ    ပြိုင်ပွဲ လေးခုကျင်းပကာ  ပြိုင်ပွဲတစ်ခုစီမှ အဆင့်သတ်မှတ်ချက်မြင့်မားသူများမှာ နောက်ဆုံးအဆင့်သို့ တက်ရောက် ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းမြင့်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည့် ဇုန်ပြိုင်ပွဲကို ယနေ့ ဇွန် ၂၇ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အခြားဇုန်ပြိုင်ပွဲ များကိုမူ ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်၊ သြဂုတ်  ၂၅ ရက်မှ   ၂၉ ရက်၊ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊  နောက်ဆုံး အဆင့်ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ကိုအားတီက “ဇုန်အလိုက်ပြိုင်ပွဲတွေမှာ  ချန်ပီယံ ဆုရရှိသူတွေကို  မြန်မာငွေကျပ်သိန်း ၂၀၀ နဲ့  ညီမျှတဲ့ တရုတ်ယွမ်ငွေရရှိမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ’’ ဟု ၎င်း၏ facebook Messenger မှဖြေကြားခဲ့သည်။ 

ဘုန်းမြင့်ကျော်သည်   ဇူလိုင်လ လယ်တွင် ယှဉ်ပြိုင်ရမည့် Chinese 8 Ball  ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ယခုပြိုင်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်းသိရသည်။    ဘုန်းမြင့်ကျော် (ခ) အားတီဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ  ပထမအဆင့်  အုပ်စုပွဲ များမှာ  ဇွန် ၂၁ ရက်က ပြီးဆုံးခဲ့ပြီး ၎င်းသည် ခြောက်ပွဲနိုင်၊   တစ်ပွဲရှုံး၊ ရမှတ်    ၄၁,၈၀၀  ဖြင့်   အုပ်စု ပထမ ရရှိကာ ဆီမီးဖိုင်နယ်သို့    တက်ခဲ့ကြောင်း သိရသည်။  (Xinhua)  

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.