Connect with us

Sport

နိုင်ငံတကာလေဆိပ်များပြန်ဖွင့်ချိန်တွင် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိ 

မြန်မာ့ရိုးရာလက်ဝှေ့ယှဉ်ပြိုင်ပွဲတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) 

မြန်မာ့ရိုးရာလက်ဝှေ့  ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို COVID-19 ရောဂါ နှင့်ပတ်သက်၍ ဖြေလျှော့မှု များဆောင်ရွက်ပြီး လေဆိပ်များ ပြန်ဖွင့်သည့် အချိန်တွင် ရန်ကုန်မြို့တွင် ကျင်းပနိုင်ရန်   စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

;င်းက “COVID-19 ရောဂါ နဲ့ ပတ်သက်ပြီး နိုင်ငံတကာလေဆိပ်တွေ ပြန်ဖွင့်တဲ့ အချိန် မှာ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကို ကျင်းပနိုင်ဖို့ ပြင်ဆင်မှု တွေဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေ ကိုလည်း တင်ပြထားပါတယ်။ပွဲကျင်းပတဲ့အခါ  မြန်မာနိုင်ငံမှ လက်ဝှေ့ ချန်ပီယံ တွေ နဲ့ နိုင်ငံ တကာက လက်ဝှေ့ ချန်ပီယံတွေ ယှဉ်ပြိုင်ကြမှာပါ’’ ဟုပြောသည်။ 

မြန်မာ့လက်ဝှေ့ကို ကမ္ဘာက သိစေရန် နှင့် လက်ဝှေ့ပညာရှင်အသစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌  လက်ဝှေ့ကလပ် ၇၃ ခုရှိပြီး နိုင်ငံတစ်ဝန်း     လက်ဝှေ့ကစားသမား လေးသောင်းကျော်ရှိသော်လည်း ကလပ် နှင့်အဖွဲ့ချုပ်တွင် တရားဝင်မှတ်ပုံတင်ထား သည့် Professional လက်ဝှေ့ကစားသမား ၆၁၇ ဦးသာ  ရှိကြောင်းလည်း သိရသည်။ မြန်မာ့ရိုးရာ လက်ဝှေ့မျိုးဆက်သစ် အားကစားသမားများ   ပေါ်ထွက်လာစေရန်အတွက်  မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်အတူ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အစည်းအရုံး မှလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာ အထက်တန်းကျောင်းများ၌ လက်ဝှေ့ ကစားနည်းပညာဟောပြောခြင်း၊ လက်ဝှေ့ကစားနည်း  သရုပ်ပြခြင်း၊ ကျောင်းသားငယ်များ စင်ပေါ်တွင်  လက်ခမောင်းခတ်ခြင်းနှင့်  လက်ဝှေ့ဟန်ရေးပြခြင်းတို့အား လေးနှစ်တိုင်တိုင် ဆောင်ရွက်ခဲ့ကြရာ    လက်ရှိအချိန်အထိ ကျောင်းပေါင်း ၇၀ ခန့်  ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ထံမှ သိရသည်။ (Xinhua)