ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်၂၈,၀၀၀ကျော်အတွက် နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်း ခန့်ရောင်းချပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့် ဝင်ဆန့်နိုင်သည့် ပင်လယ်ပြာတပ်မတော်အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက် ကျေးရွာ အောက်ရွှေမှော်၌မုန်ယိုနေသည့်ဆင် အန္တရာယ်ပြုမှုကြောင့် လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့အတွင်း တရားမဝင်သစ်တန်ပေါင်း ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးသည့် မြန်မာ့ရိုးရာလက်ဝှေ့ သုံးနိုင်ငံစိန်ခေါ်ပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်ကိုးစီး ဆက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖရိကဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ရောဂါစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး များဆောင်ရွက်ရန် အသိပေးနှိုးဆော်ချက်အား ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ် စံပယ်တော်မူသည့် အင်းလေးကန် အနောက်ပတ်လမ်း ၂၆ မိုင်ကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း တရားမဝင်သစ် တန် ၁၆၅,၀၀၀ ကျော်ဖမ်းဆီးရမိ ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ (ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးထံမှ သိရသည်။