Connect with us

Social

လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသောဂေဟာများသို့ လှူဒါန်း သူများ အနေဖြင့် ဂေဟာရှိလူများ နှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ခြင်းမပြုရန် ပန်ကြားချက်ထုတ်ပြန်

လူမှုဝန်ထမ်းဦးစီးဌာန ရှိ မူကြိုကျောင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ -- လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) 

လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသော ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ သင်တန်းကျောင်းများနှင့်ဌာနငယ်များသို့ လာရောက်လှူဒါန်းသောအလှူရှင်များနှင့်  ဝန်ကြီးဌာနနှင့် MoU ရေးထိုးဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ ဂေဟာတွင်ရှိသောသူများ နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းမပြုရန် မေတ္တရပ်ခံ ပန်ကြားချက် အားထုတ်ပြန်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဒေါ်နွဲ့ယဉ်အေးက မတ် ၁၉ ရက် တွင် ဆင်ဟွာကိုပြောသည်။

COVID -19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပါသဖြင့် ထိုကဲ့သို့ မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ ဒေါ်နွဲ့ယဉ်အေးက “အလှူလာလှူတာ ကို မကန့်သတ်ပါဘူး။ ကလေးတို့ သက်ကြီးရွယ် အိုတို့က ရောဂါကူးစက်မှုမြန်တဲ့  အုပ်စုထဲမှာပါတယ်။ ဒါကြောင့်ထိတွေ့မှု တွေ ကန့်သတ်ထားတဲ့ သဘောပါ။ လှူတဲ့အခါ လူစုလူဝေး သိပ်မဖြစ်စေပဲ တာဝန်ခံ ဆရာ၊ ဆရာမ ကတစ်ဆင့် လှူဒါန်းဖို့ပါ။ အစိုးရ နဲ့ တွဲပြီး ဆောင်ရွက် တဲ့ INGO အဖွဲ့တွေ မှာလည်း ပြည်သူ တို့ ရပ်ရွာ တို့ နဲ့ ထိတွေ့ဖို့ အစည်းအဝေးခေါ်တာ တို့ လူစုလူဝေး လုပ်တာ နဲ့ မျိုး မလုပ်ဖို့ မေတ္တာ ရပ်ခံချက်ကို မတ် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်’’ ဟုပြောသည်။လူစုလူဝေးဖြစ်စေမည့် ကိစ္စများ  ကိုရွှေ့နိုင်ရသမျှ ရွှေ့ထားရန် နှင့် အရမ်း အရေးကြီး ၍ မလုပ်မဖြစ် ပွဲများ ဆောင်ရွက်ရပါက  လက်သန့်ဆေးထားရန်၊ နဖူး အပူချိန် တိုင်းရန် နှင့်  ပွဲတွင်COVID-19 ပညာပေး အားထည့်သွင်းရန် ဝန်ကြီးဌာန အနေဖြင့်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။  (Xinhua)