Connect with us

Culture & Entertainment

သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်း တို့တွင်  ပထဝီသတင်းအချက်အလက် အလွှာ များ အဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည်

ပထဝီသတင်းအချက်အလက် အလွှာ များ(GIS Layer) အဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ-သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း(၃) မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်း တို့တွင်  ပထဝီသတင်းအချက်အလက် အလွှာ များ(GIS Layer) အဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် ဒေသများကို အမွေအနှစ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးနိုင် ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ သရေခေတ္တရာ မြို့ဟောင်း တွင် GIS Layer သတင်းအချက်အလက်များ စစ်ဆေးခြင်းကို စတင် ဆောင်ရွက်လျက်ရှိပြီး ဗိဿနိုးမြို့ဟောင်းနှင့် ဟန်လင်းမြို့ဟောင်း တို့တွင် လည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုအခါ ပျူမြို့ဟောင်း(၃) မြို့သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်တာ ကာလ အတွင်း ဖွံ့ဖြိုးတိုးတက်လာသော မြို့ပြဆိုင်ရာ အဆောက်အအုံများ၊ စီမံကိန်းလုပ်ငန်းများ၊ မြေယာအသုံးချမှုဆိုင်ရာ ပြောင်းလဲမှုအခြေအနေ၊ သတ်မှတ်နယ်မြေအတွင်းရှိ လူဦးရေဆိုင်ရာအချက်အလက်များ၊ ကမ္ဘာ့ အမွေအနှစ်ဒေသ ဇုန်နယ်မြေ သတ်မှတ်ချက်များကို ပြန်လည် အဆင့်မြှင့် တင်နိုင်ရန်အတွက် စနစ်တကျရေးဆွဲ သိမ်းဆည်း ထားသော စနစ်တစ်ခု တည်ဆောက်နိုင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ပျူမြို့ဟောင်း(၃)မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ကမ္ဘာ့လုံး ဆိုင်ရာ တန်ဖိုးနှင့် ကိုက်ညီသော အထောက်အထားများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အတွက် အခြေခံကျသည့် လုပ်ငန်းစဉ်ဖြစ်သည့် တိကျသော ဇုန်နယ်နိမိတ် သတ်မှတ်၍  GIS Data ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

GIS Data မှ ရရှိလာသော အချက်အလက် များကို အခြေခံကာ ပျူမြို့ဟောင်း(၃) မြို့နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အား ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းခြင်းအတွက် အဆိုပြုစာတွဲ တင်သွင်းရေးသားခြင်းနှင့် အမွေအနှစ်စီမံထိန်းသိမ်းရေး လုပ်ငန်း အစီအစဉ်များကို ဌာနအရာထမ်း/အမှုထမ်းများနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပူးပေါင်း ၍ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.