Connect with us

Politics, Law & Military

မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ ၁၁ ဦးအား စိစစ်လက်ခံ

ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများအားတွေ့ရစဉ်( ဓာတ်ပုံ-ကြေးမုံ)

 

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့မတ် ၁၉ ရက်က မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများ ၁၁ဦးအား စိစစ်လက်ခံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့်  နေရပ်စွန့်ခွာသူ အိမ်ထောင်စု နှစ်စု၊ အမျိုးသား ငါးဦး၊ အမျိုးသမီး ခြောက်ဦး  စုစုပေါင်း ၁၁ ဦးအား   ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း  သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်လက်ခံဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ယင်းသို့    လက်ခံဆောင်ရွက်ရာတွင်    ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက  သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် လူဝင်မှုကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင်  အသက် ၁၀ နှစ်အထက် အမျိုးသား လေးဦး၊  အမျိုးသမီး  သုံးဦး စုစုပေါင်း    ခုနစ်ဦးတို့အား    NV  Card   ထုတ်ပေးခဲ့ပြီး  ကျန်းမာရေးစောင့်ရှောက်မှုနှင့်   ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ငါးခူရပြန်လည်လက်ခံရေးစခန်း တာဝန်ခံ    ဒုတိယညွှန်ကြားရေးမှူး  ဦးဌေးမောင်က  လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ လွှဲပြောင်းပို့ဆောင် ပေးရာ လှဖိုးခေါင် စခန်းတာဝန်ခံ   ညွှန်ကြားရေးမှူး  ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်း လက်ခံ ဆောင်ရွက်၍  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံးပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ ဆက်လက်၍ ပြန်လည်ဝင်ရောက်လာသူ   ၁၁  ဦးအား မောင်တောမြို့နယ် ငန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.