Connect with us

Politics, Law & Military

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ချက် ၁၄ ခုအနက် ပြင်ဆင်ချက် တစ်ချက် အတည်ဖြစ်

လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ ဆန္ဒမဲများ ရေတွက်နေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲပေးခြင်းကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ယင်းဆန္ဒမဲပေးခြင်း၌ ပုဒ်မ ၄၃၆ (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ ၊ ပုဒ်မခွဲ ၁၄ ခု တို့ကို စုစည်းထားသော ဆန္ဒမဲ လက်မှတ်(၄)အတွက် မဲခွဲခြင်းအား ယနေ့ ပြည်ထောင်စု လွှတ်တော်၌ ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက် တစ်ခုဖြစ်သည့် ပုဒ်မ ၃၄၄ သည် ထောက်ခံမဲ ၅၇၄ မဲ  ရရှိခဲ့သော ကြောင့် လွှတ်တော် ကိုယ်စား လှယ် ဦးရေ၏ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သဖြင့် အဆိုပါ ပုဒ်မ ၃၄၄ ကို ပြင်ဆင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယကက အတည်ပြု ကြေညာခဲ့သည်။

အဆိုပါ ပုဒ်မ ၃၄၄ ၏  မူလပြဌာန်းချက်တွင် ပါဝင်သည့် “မသန်မစွမ်း ဖြစ်သွားသော တပ်မတော် သားများ” စာသားအစား “မသန်စွမ်း ဖြစ်သွားသော တပ်မတော်သားများ” ဟု ပြောင်းလဲခြင်း အပေါ် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး လွှတ်တော်က ပြင်ဆင်ရေးကို အတည်ပြုခဲ့ခြင်းဖြစ် သည်။ကျန် ပြင်ဆင်ချက် ၁၃ ချက်တို့ ဖြစ်ကြသည့် ပုဒ်မ ၃၀၁ (ဃ) (၄)၊ ၊ ပုဒ်မ ၃၁၀(ဃ) (၃)၊ ၃၁၉၊ ၃၂၂(ခ)၊ ၃၃၃(ဃ) (၄)၊ ၃၃၈၊ ၃၃၉၊ ၃၅၉၊ ၃၇၆၊ ၃၉၆(ခ)၊ ၃၉၈(ခ) (၃) (ဃဃ)၊ ၃၉၉(စ) ၊ ၄၀၂ တို့ကမူ ထောက်ခံ ဆန္ဒမဲ ရ၅ ရာခိုင်နှုန်း မကျော်သောကြောင့် မူလအတိုင်း ဖြစ်ကြောင်း လွှတ်တော် နာယကက ပြောကြားခဲ့သည်။ ပုဒ်မ ၄၃၆ (ခ) အောက်ရှိ ဆန္ဒမဲ လက်မှတ်(၅) နှင့် စပ်လျဉ်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို မတ်လ ၂၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။အဆိုပါ ဆန္ဒမဲ လက်မှတ် (၅) တွင် နိုင်ငံတော် အလံအား ပြင်ဆင်ခြင်း ပု်ဒမ ၄၃၇(က)၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ဆန္ဒမဲ ပေးခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် မဲပေးခြင်းအား ပယ်ဖျက်ခြင်း ပုဒ်မ ၄၄၁ စသည့် ပြင်ဆင်ချက်များ အပါအဝင် ပြင်ဆင်ချက်ပေါင်း ၁၁ ချက် ပါရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.