ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာအနီး၌ စားသုံးဆီများ တင်ဆောင်လာသည့် ၂၂ ဘီး တွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်ပြီး လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြ သည့် လူများအား ဝင်ရောက် တိုက်မိသဖြင့် (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာယူ-၁၉အမျိုးသမီး ဘောလုံးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးဘောလုံးအသင်းတို့ ၏ ခြေစမ်းပွဲ ဒုတိယပွဲကို အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲ တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ကျင်းပမည်ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ် မီးထွန်းပွဲတော်ရက် များတွင် မြန်မာ့ကာတွန်း မီးပုံးပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သိန္နီမြို့နယ်၌ Ethyl Acetate Auto Col အရည် ၁၀,၂၀၀ လီတာနှင့် Sodium Zirconate အရည် ၁,၃၅၀ လီတာ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မိုးတွင်းကာလ ကျောက်မျက်တူးဖော်ခွင့် သုံးလပိတ်ထားရာမှ အောက်တိုဘာလမှစ၍ တူးဖော်ခွင့်ပြန်လည်ခွင့်ပြုချိန်တွင် လာရောက်လျှောက်ထားသည့် ကုမ္ပဏီအရေ အတွက်မှာ ငါးခုသာရှိသေးကြောင်းကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးဦးဒါရှီလဆိုင်းထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် မြေအသုံးပြုခွင့်လျှောက်ထားသူများအနေဖြင့် လျှောက်ထားကာလမှာ (၁)လ အတွင်း ဖြစ်သည့်အတွက် လျှောက်လွှာဝယ်ယူရန် စိတ်ပူပန်စွာ စောင့်ဆိုင်း၊ ဆောင်ရွက်ရန်မလိုဘဲ စည်းကမ်းချက်များ၊ မြေကွက်တည်နေရာများကို သေချာဖတ်ရှု၍ ကြိုတင်စဉ်းစားလေ့လာပြီးမှ လျှောက်လွှာဝယ်ယူပါက ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြေစီမံခန့်ခွဲမှုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကိုယ်ပိုင်ဟန်ပန် အမူအရာများနှင့် နေထိုင်မှုကို ကြိုက်နှစ်သက်သော ယနေ့ခေတ် လူငယ်များ အကြား မိမိ စိတ်ကြိုက် အနုပညာ လက်ရာ (customized art) များကို အသုံးအဆောင် ပစ္စည်းများပေါ်တွင် ရေးဆွဲ ဝတ်ဆင်မှုများအား ကြိုက်နှစ်သက် လာခဲ့ကြသည်၊
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်ဒေသကြီး မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၂.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၈၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသည် နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂနှင့် ဒေသတွင်း အဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ...
နေပြည်တော်၊ အောက်တိုဘာ ၉ရက်(ဆင်ဟွာ) အသေးစား အဂတိလိုက်စားမှုများ လျှော့ချရေးအတွက် ပြည်ထောင်စု ၀န်ကြီးဌာန ၁၇ ခုနှင့် ပြည်ထောင်စုအဆင့် အဖွဲ ့အစည်း ငါးခုတို ့တွင် CPU Toolkit (Corruption Prevention Unit) လက်သုံး ကိရိယာများ အသုံးပြုသွားမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်...