Connect with us

Politics, Law & Military

ပုဒ်မ ၄၃၆ ကို ပြင်ဆင်သည့် ဥပဒေကြမ်း နှစ်ခု လွှတ်တော်သို့ရောက်ရှိကြောင်း ကြေညာ

ပြည်ထောင်စု လွှတ်တော် နာယက ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ)တို့နှင့် သက်ဆိုင်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှစ်ခုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်က လက်ခံရရှိထားကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

“အဆိုပါ ဥပဒေမူကြမ်း နှစ်ခုနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့် အညီ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာ စိစစ်နိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် အားလုံး ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေ မူကြမ်း လေ့လာ စိစစ်ရေး ကော်မတီကို ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ၂၇ – ၁ – ၂၀၂၀ ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၂/ ၂၀၂၀ ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ယင်း အမိန့်ကြေညာစာနှင့်အတူ ဦးထွန်းအောင် ခေါ် ဦးထွန်းထွန်းဟိန်နှင့် အဖွဲ့ တင်ပြထားတဲ့ ပေးပို့စာ အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ခုနဲ့ ပူးတွဲ အကြောင်းအရာ မိတ္တူများကိုလည်း လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါကြောင်း အသိပေးကြေညာအပ်ပါတယ်”ဟုလည်း နာယကက ပြောခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၃၅၁ ဦးတို့ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117