ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သရေခေတ္တရာမြို့ရှိ မျက်မှောက်ခေတ်လက်ရာ သရေခေတ္တရာနန်းမြိုရိုး သည် ယနေ့နံနက်၄နာရီအချိန်ခန့်တွင်ပြိုကျခဲ့ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာကို ပြောသည်။
ရန်ုကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားနေသည့် နယ်မြေ ရှစ်ရာခိုင်နှုန်းခန့်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း တပ်ဆင်ခဲ့သည့် ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်းဓာတ်ပုံများကို တစ်ကောင်ချင်း စိစစ် ခွဲခြားရာ အနည်းဆုံး ကျား ၂၂ ကောင်...
ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အသည်းရောင်အသားဝါ ရောဂါများ ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းစေရေး အတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အလေးပေး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူ အုပ်စု ကရင်ချောင် ကျေးရွာ အနီး၌ ယနေ့နံနက် ၂ နာရီခန့်တွင် ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ရာ ကုမ္ပဏီ ဝန်ထမ်း နှင့် လုံခြုံရေး...
ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် ရှစ်ခုတွင် ဇူလိုင် ၂၇ ရက် အထိ ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ၇၈ ဦး ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ငွေကျပ် ၅၄၅၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇူလိုင် ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဆဒုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော် – ဆဒုံး – ကန်ပိုက်တည် ကားလမ်းမိုင်တိုင်အမှတ် ၃၀/၃၁ ကြားနှင့် ၃၆/၃၇ ကြား၌ ယနေ့ (ဇူလိုင် ၂၇ ရက်)နံနက်(၅) နာရီခန့်တွင် တောင် ပြို၍ကားလမ်း ပိတ်ဆို့နေကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန်းနီမြို့ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်းမိုင်တိုင်အမှတ်(၃၁)အနီး ၌ ဇူလိုင် ၂၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေး ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာအတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးဦးစီး တပ်ခွဲ ၁ ခွဲ အခြေပြုနေသည့် ညောင်ချောင်းနယ်မြေရုံးစခန်း တိုက်ခိုက်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပေးဝေလျက်ရှိသော ရေပိုက်များပြုပြင်မည်ဖြစ်သဖြင့် မြို့နယ် ၂၁ မြို့နယ်တွင် ဇူလိုင် ၃၀ ရက်၌ ရေပေးဝေမှု ယာယီဖြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။