Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် စက်တင်ဘာ ၁၃ ရက် ညနေ ၅နာရီခွဲခန့်က ကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တာချီလိတ်မြို့နယ်၊ တာလေမြို့အထွက်၊ တိုးဂိတ်အနီးတွင် မိုင်းဖြတ်မြို့နယ်၌ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၀၀၀ သိန်း)၊ တူမီးသေနတ် ၁ လက်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား တာလေနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117