Connect with us

Science & Technology

မြန်မာနိုင်ငံ ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို လေ့လာသုံးသပ်မည့် Myanmar Connect 2019 ထိပ်သီး အစည်းအဝေး ရန်ကုန်မြို့တွင် ကျင်းပမည်

Myanmar Connect 2019 ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Connect 2019)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများကို ချိတ်ဆက်ပေးကာ နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်ကို လေ့လာသုံးသပ်မည့် Myanmar Connect 2019 ထိပ်သီး အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးထားခြင်းဖြစ်ပြီး၊အစည်းအဝေးသို့ ဒေသတွင်းနှင့် နိုင်ငံတကာရှိ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူနှင့် လုပ်ငန်းရှင်ပေါင်း ၄၅၀ ခန့် တက်ရောက်၍ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်အကြောင်းကို ဆွေးနွေးသွား ကြမည်ဖြစ်ကြောင်း သိရသည်။

Myanmar Connect 2019တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC)၊ မိုဘိုင်းကွန်ရက်လုပ်ငန်း ရှင်များ(MNOs)၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များက မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးအနာဂတ်ကို ပံ့ပိုးပေးမည့် အမြော်အမြင်နှင့်နည်း ဗျုဟာများကို ရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်နိုင်စေရန် အတွက်လည်းကောင်း၊ ရေရှည်တည်တံ့သော စီးပွားရေး တိုးတက်မှုရှိစေမည့် အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည့် သတင်းတွင်ပါရှိသည်။

ယခုနှစ် Myanmar Connect အစည်းအဝေးတွင် မြန်မာ နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ဖိုင်ဘာကွန်ရက် ဖြန့်ကျက်မှု အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင် ဖွဲ့စည်းခြင်း၊ ဒေတာစင်တာများ တိုးချဲ့တည်ဆောက်ခြင်း၊ အင်တာနက် တိုးတက်ကောင်းမွန်ရေး၊ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုနည်းပါးနေသော နေရာ များနှင့် နိုင်ငံတကာ ဆက်သွယ်မှု ရင်းနှီးမြှုပ်နှံခြင်း စသည့် အကြောင်းအရာများကို ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များက ဆွေးနွေးကြမည်ဖြစ်ကာ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍအတွင်းသို့ ယခင်နှစ်မှ စတင်ဝင်ရောက်ခဲ့သည့် လုပ်ငန်း အသစ်များဖြစ်သော Myantel ၊ Kacific ၊ Goama နှင့် အခြား နာမည်ကြီး Start-Up ကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.