Connect with us

Politics, Law & Military

နှစ်လယ် ကျောက်မျက်ရတနာပြပွဲ သို့ ကုန်သည် ၄၂၀၀ ကျော် တက်ရောက်

နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲ၌ ဒုတိယ သမ္မတ (၂)ဦးဟင်နရီ ဗန်ထီးယူနှင့် အဖွဲ့  လှည့်လည် ကြည့်ရှုစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

နေပြည်တော် သပြေကုန်း မဏိရတနာ ကျောက်မျက်ရတနာ ခန်းမ၌ ယနေ့ စတင် ဖွင့်လှစ်သော ၂၀၁၉ နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲသို့ ပြည်တွင်း ပြည်ပမှ ရတနာ ကုမ္ပဏီ ၃,၀၇၀ တို့မှ ရတနာကုန်သည် စုစုပေါင်း ၄,၅၅၈ ဦးတို့ မှတ်ပုံတင်ထားခဲ့ကြပြီး ၄,၂၀၀ ကျော် တက်ရောက်မည်ဟု မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ခန့်မှန်းထားသည်။

ပြည်ပ ကုမ္ပဏီများ အဖြစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ ၂,၁၆၄ ခုတို့ မှ ရတနာ ကုန်သည် ၂,၉၉၆ ဦး၊ ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၃ ခုမှ ရတနာ ကုန်သည် ၂၃ ဦး၊ မလေးရှားနိုင်ငံ ကုမ္ပဏီ နှစ်ခုမှ ရတနာကုန်သည် နှစ်ဦး၊ ပြည်ပမှ ရတနာကုန်သည် ၃,၀၂၃ ဦး၊ ပြည်တွင်း နိုင်ငံသား ရတနာ ကုမ္ပဏီ ၈၇၉ ခုတို့မှ ရတနာကုန်သည် ၁,၅၃၅ ဦး၊ စုစုပေါင်း ၄,၅၅၈ ဦးက မှတ်ပုံတင်ထားခဲ့ကြပြီး အမှန် တကယ် တက်ရောက် နိုင်မည့် ကုန်သည်ဦးရေမှာ၄,၂၀၀ ကျော်ခန့်ရှိမည်ဟု သိရသည်။

ပြသ ရောင်းချမည့် ကျောက်မျက်၊ ကျောက်စိမ်း အတွဲများမှာကျောက်မျက် အတွဲပေါင်း ၄၈၁ တွဲနှင့် ကျောက်စိမ်း အတွဲပေါင်း ၇,၈၁၁ တွဲတို့ ဖြစ်ကြပြီး ကျောက်စိမ်းတွဲများကို ၂၀၁၉ စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်းကောင်း၊ ကျောက်စိမ်းတွဲများကို စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေ့စဉ် အတွဲပေါင်း ၁,၃၀၀ ခန့်ဖြင့် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

ပြပွဲရှိ တန်ဖိုးကြီး ရတနာ အချို ့အားတွေ့ရစဉ်။(ဆင်ဟွာ)

ပြပွဲရှိ တန်ဖိုးကြီး ရတနာ အချို ့အားတွေ့ရစဉ်။(ဆင်ဟွာ)

ပြပွဲရှိ တန်ဖိုးကြီး ရတနာ အချို ့အားတွေ့ရစဉ်။(ဆင်ဟွာ)

ပြပွဲရှိ တန်ဖိုးကြီး ရတနာ အချို ့အားတွေ့ရစဉ်။(ဆင်ဟွာ)

ရတနာ ကုန်သည်များအနေဖြင့် ကျောက်မျက်အတွဲများကို ဖွင့်ပွဲ စတင်ဖွင့်လှစ်သည့် ယနေ့စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကြည့်ရှု စစ်ဆေးခြင်း၊ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက် အတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာ (Bidding form)များကို တင်ဒါပုံးအတွင်း ထည့်သွင်းခြင်း တို့ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် မနက် ၉ း ၀၀ နာရီမှ ညနေ ၅ း ၀၀ နာရီအထိ အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့်အထက် တန်ဖိုး သတ်မှတ်သည့် ကျောက်မျက်များကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။

အလားတူ ကျောက်စိမ်းအတွဲများကိုလည်း စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကြည့်ရှု စစ်ဆေးခြင်းနှင့် ဈေးနှုန်း တင်သွင်းလွှာများတင်ဒါပုံးများတွင် ထည့်သွင်းခြင်းတို့ ဆောင်ရွက်ကြပြီး စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ အခြေခံဈေး ယူရိုငွေ ၅၀၀၀ နှင့် အထက် သတ်မှတ်သည့် ကျောက်စိမ်း အတွဲများ၊ အခြေခံဈေး ယူရိုငွေ ၁၀၀၀ နှင့် အထက် သတ်မှတ်သည့် အချောထည် ကျောက်စိမ်းတွဲများကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုရတနာပြပွဲတွင် ရောင်းချခဲ့သည့် ရတနာများအတွက် နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခ များကို မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတို့နှင့်အညီ ကောက်ခံသွားမည်ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် ကျောက်မျက်ရတနာ အရိုင်းများအတွက် သုံးရာခိုင်နှုန်း၊ အချောထည်များအတွက် တစ် ရာခိုင်နှုန်းတို့ဖြစ်ကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခု ၂၀၁၉ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲသည် (၉၅) ကြိမ်မြောက် ကျင်းပသည့် ပြပွြဲဖစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.