ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကနဲ-ဘုတလင်ကားလမ်း မိုင်တိုင်(၁၅/၁)၌ မေလ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်ရာတွင် ကုန်ကျမှုသက်သာပြီး ထိရောက်လျင်မြန် စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် The Rangoon General Hospital Reinvigoration Charitable Trust Fund. Article-25 အဖွဲ့မှ ဗိသုကာပညာရှင် Mr....
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မေ ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အဝင်ပေါက်များတွင် နယ်မြေ ဒေသ လုံခြုံရေး အတွက် ဌာနဆိုင်ရာ ပူးပေါင်း စစ်ဆေးရေး အဖွဲ့များက ယာဉ် နှင့် လူအဝင်/အထွက်များအား စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု...
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယနိုင်ငံသို့ မကြာမီကာလအတွင်း သွားရောက်မည်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ကနဦးအစီရင်ခံစာ တင်သွင်းရေးနှင့် စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂၂ လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ထူးဟန်သစ်ကုမ္မဏီလုပ်ကွက်ရှိ ကျောက်မီးသွေးမိုင်းတစ်ခုတွင် မေ ၂၇ ရက် ညပိုင်း အလုပ်ဆင်းချိန်၌ မီသိန်းဓါတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အာဆီယံသည် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်က ပြောကြားသည်။