Connect with us

Environment, Disasters & Accidents

မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် မြစ်ရေမြင့်တက်လာမှုကြောင့် လူ ၂၀၀၀ နီးပါး ရွှေ့ပြောင်း

မြစ်ရေမြင့်တက်လာမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(မီးသတ်)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၂၀၀၀ နီးပါး ရွှေ့ပြောင်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်မြို့နယ်အတွင်း ဇူလိုင်လ ၁၉ ရက် ညနေပိုင်းက ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့် (၂)ရပ်ကွက်နှင့် ကိုးတဲ(ဆပ်ကျ)ကျေးရွာပါ ၃ ရွာတို့၌ အိမ်ထောင်စု ၁၇၀ စု၊ လူဦး ရေ ၇၃၄ ဦးတို့သည် နီးစပ်ရာဆွေမျိုးများ၏နေအိမ်သို့ ရွှေ့ပြောင်းနေထိုင် လျက်ရှိကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်းမြို့နယ်အတွင်း တကောင်းမြို့ (၁)ရပ်ကွက်ပါ ၃ ခုနှင့် လက်ပံကုန်း ကျေးရွာပါ ၄ ရွာတို့မှ အိမ်ထောင်စု ၁၉၄ စု၊ လူဦးရေ ၈၃၁ ဦး၊ စဉ့်ကိုင်မြို့နယ်အတွင်း တစ်ဘက်ဆွဲကျေးရွာပါ ၂ ရွာတို့မှ အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၈၄ ဦး၊ စဉ့်ကူးမြို့နယ်အတွင်း (၁)ရပ်ကွက်မှ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၆၄ ဦးတို့သည် အဆိုပါရပ်ကွက်ရှိ ရွှေရပ်တော်ဘုရားသို့လည်းကောင်း၊ (၂)ရပ်ကွက်မှ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၂၁ ဦးတို့သည် (၁)ရပ်ကွက်ရှိ သီရိရတနာခန်းမသို့လည်းကောင်း၊ ဆည်ကြီးကျေးရွာပါ ၃ ရွာတို့မှ အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၂၈၂ ဦးတို့သည် နီးစပ်ရာဆွေမျိုးများ၏နေအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများကို ယာယီပိတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.