Connect with us

Education & Health

H1N1 ရောဂါဖြစ်ပွားသူ ၃၁၉ ဦးရှိပြီး သေဆုံးသူ ၆၂ ဦးထိရှိလာ

H1N1 ပိုးကူးစက်မှုမရှိရန် maskတပ်ဆင်သုံးစွဲသူများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၈ရက်အထိ ရောဂါဖြစ်ပွားသူ ၃၁၉ ဦးရှိပြီး သေဆုံးသူ ၆၂ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ရာသီတုပ်ကွေး H1N1 အဖြစ်အများဆုံးသည် ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ယင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၁၈၀ ဦးရှိပြီး သေဆုံးသူ ၄၉ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ရာသီတုပ်ကွေး H1N1 ရောဂါသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်(တောင်)၊ လှိုင်သာယာနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် အဖြစ်အများဆုံးဖြစ်ပြီး သေဆုံးမှုအများဆုံး အနေဖြင့် ဒဂုံမြို့သစ်(တောင်)တွင် ၅ ဦး၊ လှိုင်သာယာတွင် ၅ဦး နှင့် မှော်ဘီတွင် ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၉ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၄ ဦး ၊ ကချင်ပြည်နယ်တွင် ၁ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦးနှင့် မွန်ပြည်နယ်တွင် ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.