Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်

မြစ်ရေမြင့်တက်လာမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(မီးသတ်)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ယနေ့ ဇူလိုင် ၂၀ရက် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ သည် ကျော်လွန်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းအရ သိရသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်များမှ နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုဋ္ဌဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ မြစ်ငယ် မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မြစ်ရေကြီးမှုများကြောင့် မန္တလေးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ မရမ်းခြံဆိပ်ကမ်းတွင် ယနေ့ နံနက်ပိုင်း ဧရာဝတီမြစ်ရေတက်မှုကြောင့် မီးသတ်ဦးစီးဌာနမှ အင်အား (၂၀၀) ဦးတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.