Connect with us

Education & Health

ခွေးရူးကြောင့် သေဆုံးသူဦးရေ လျော့ကျလာ

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေး ဖြေကြားစဉ်။

နေပြည်တော်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေမှာ ၂၀၁၁ မှ ၂၀၁၈ (ကိုးနှစ်)အတွင်း ၆၅ ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံ၌ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေမှာ ၂၀၁၁ တွင် ၂၄၅ ဦး၊ ၂၀၁၂ တွင် ၁၈၆ ဦး၊ ၂၀၁၃ တွင် ၁၉၆ ဦး၊ ၂၀၁၄တွင် ၁၅၂ ဦး၊ ၂၀၁၅ တွင် ၉၈ ဦး၊ ၂၀၁၆ တွင် ၉၉ ဦး၊ ၂၀၁၇ တွင် ၇၈ ဦး နှင့် ၂၀၁၈ တွင် ၇၀ ဦး ဟူ၍ နှစ်အလိုက်လျော့ကျလာခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းသိန်း၏ အမေးကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေက ပေးပို့လာတဲ့ စစ်တမ်းတွေအရ ၂၀၁၇ ခုနှစ်မှာ ခွေးကိုက်ခံရသူ ၁၈၀၃၆၇ ဦး၊ ၂၀၁၈ မှာ ၁၉၂ ၆၁၉ ဦး ရှိခဲ့ပါတယ်၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနအနေနဲ့ ခွေးများကို ခွေးရူးပြန် ကာကွယ်ဆေး အစုလိုက် ထိုးပေးခြင်း၊ အဲဒီ လုပ်ငန်းတွေမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းအပါအဝင် ခွေးရူးပြန်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်” ဟုလည်း ဝန်ကြီးက ပြောခဲ့သည်။

ရေဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းသိန်း မေးမြန်းနေစဉ်။(ဆင်ဟွာ)

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ၂၀၁၂ ဇူလိုင်လမှ စ၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးမများကိုလည်းကောင်း၊ ၂၀၁၄ မှစ၍ ခွေးရူးပြန် ရောဂါ ကာကွယ်သည့် ပဋိပစ္စည်းများအား လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနများနှင့် ဗဟိုအဆင့် ဆေးရုံများသို့ ဖြန့်ဖြူးပြီး ခွေးကိုက် လူနာများကို အခမဲ့ ထိုးပေးလျက်ရှိကြောင်း ပြည်သူလူထု အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ထားကြောင်း၊ လတ်တလော၌ တစ်နိုင်ငံလုံးရှိ ခွေးအားလုံးကို ကာကွယ်ဆေး ကွက်ပြည့် မထိုးပေးနိုင်သေးသော်လည်း ‘၂၀၃၀ တွင် ခွေးရူးရောဂါ ကင်းစင်ရမည်’ ဟူသော ကမ္ဘာ့ ရည်မှန်း ချက်နှင့် ‘၂၀၂၀ တွင် အာဆီယံ ဒေသတွင်း နိုင်ငံများ ခွေးရူးရောဂါ ကင်းစင်ရေး ဆောင်ရွက် ရန်’ ဟူသော အာဆီယံဆိုင်ရာ မူဘောင်နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခွေးရူးရောဂါ ကင်းစင် ပပျောက်ရေး အမျိုးသားအဆင့် စီမံချက် (National Plan for Rabies Elimination in Dogs) ကို အပြီးသတ်ရေးဆွဲပြီး ဖြစ်ကြောင်း၊ နှစ်စဉ် ခွေးရူးရောဂါ ကာကွယ် ရေးအတွက် ကုန်ကျ စရိတ်များ တွက်ချက်ကာ ပြည်ထောင်စု ရန်ပုံငွေ တင်ပြ တောင်းခံခြင်း၊ ပြည်ပအကူအညီ ရှာဖွေ တောင်းခံခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ စီမံချက်ပါအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.