ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငွေကျပ်သိန်းပေါင်း ၅,၆၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်သွားကြရန် ကြိုတင်သတိပေးနှိုးဆော်ချက် ကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ်၌ လူနေအိမ် ၁ လုံး၏ မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားရာ လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏...
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရက အလုပ်သမားများ၏ ဘ၀ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက် မြင့်မားရေး အတွက် အရေးကြီးသော မူဝါဒ ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ အလေးပေး ဆောင်ရွက် နေချိန်တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်ရာ ဌာနများ အနေဖြင့်...
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ဓာတ်အားလိုင်း၊ ထရန် စဖော်မာ တည်ဆောက်ရေး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်းအပ်နှံသည့် စာချုပ်အား ဧပြီ ၃၀...
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည့် ရက်အား ထပ်မံ တိုးမြှင့်လိုက်ကြောင်း ယနေ့ဧပြီ ၃၀ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး...
ရန်ကုန် ၊ ဧပြီ ၃ဝ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်မြို့၏ အထင်ကရ ဟိုတယ်တစ်ခု၏ အလုပ်များပြားလှသည့် မီးဖိုဆောင်ထဲတွင် အဖြူရောင်စားဖိုမှူးဝတ်စုံကို ဆင်မြန်းထားသော ထူးထူးခြားခြားလူတစ်ဦးကို မြင်တွေ့ရနိုင်ပါသည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ငွေကျပ် ၂,၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ ဧပြီ ၂၉ရက် နံနက်ပိုင်းတွင် ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)၏ အရှိန်ကြောင့် ယနေ့နံနက် မှ နောက်(၇၂)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။