Connect with us

Environment, Disasters & Accidents

ဇူလိုင်လ ၅ ရက်တွင် ငလျင် ၄ ကြိမ်လှုပ်ရှား

ငလျင်လှုပ်ရှားမှု ပြ ဇယား အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၅ ရက်တွင် ရခိုင်ပြည်နယ် ၌ ငလျင် ၂ ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ငလျင် ၁ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင် တစ်ကြိမ်၊ တစ်ရက်တည်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၃ ခု တွင် ငလျင်၄ ကြိမ်လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။

နံနက် (၀၅)နာရီ၊ (၁၁)မိနစ်၊ (၅၃) စက္ကန့် (ပထမငလျင်)

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၅)နာရီ၊ (၁၁)မိနစ်၊ (၅၃) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၇၄)မိုင် ခန့်ကွာဝေးသော စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ အရှေ့-အရှေ့တောင်ဘက် (၂၈)မိုင်ခန့် အကွာ မြောက်လတ္တီ တွဒ် (၂၄.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၄) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။

နံနက် (၀၈)နာရီ၊ (၄၂)မိနစ်၊ (၀၉)စက္ကန့် (ဒုတိယငလျင်)

ယနေ့နံနက်(၀၈)နာရီ၊ (၄၂)မိနစ်၊ (၀၉)စက္ကန့် အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၇၆)မိုင် ခန့်ကွာဝေးသော ( ကျောက်ဖြူမြို့ ၏ အရှေ့တာင်ဘက် (၁၁)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၉.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၇) ဒီဂရီ၊ အနက် (၃၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

နံနက်(၁၀)နာရီ၊ (၀၆)မိနစ်၊ (၅၉)စက္ကန့် (တတိယငလျင်)

ယနေ့နံနက် (၁၀)နာရီ၊ (၀၆)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့၏ အနောက်တောင်ဘက် (၂၂)မိုင် ခန့်အကွာမြောက်လတ္တီတွဒ် (၁၈.၀၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၄) ဒီဂရီ၊ အနက် (၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

နေ့လည်(၁၁)နာရီ၊ (၁၆)မိနစ်၊ (၃၇)စက္ကန့် (စတုတ္ထငလျင်)

၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၆)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ တောင်ဘက် (၉၈) မိုင် ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ၏ အနောက်-အနောက်တောင်ဘက် (၄၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၇၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၀၈) ဒီဂရီ၊ အနက် (၇၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.