Connect with us

Politics, Law & Military

၂၀၂၀ အတွက် မဲစာရင်းမှန်ကန်ရေး ဒေသ လေးခုတို့တွင် ဆောင်ရွက်ပြီးစီး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

ေနေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ နိုင်ငံရေးပါတီများ၊ CSO အဖွဲ့အစည်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းလျက် မဲစာရင်း ပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် လေးခုတို့တွင် ကွင်းဆင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC:_ Union Election Commission) အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောခဲ့သည်။

“အခုဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးမှာ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေ၊ ဌာန၊ အဖွဲ့အစည်းတွေနဲ့ သွားတွေ့ပြီး ဆွေးနွေး ခဲ့ပြီးပြီ၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တွေမှာ လည်း ဆွေးနွေးခဲ့ပြီးပါပြီ၊ ကျန်တဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာလည်း အလားတူ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု နေပြည်တော် UEC ရုံး၌ ယနေ့ နေ့လယ်ပိုင်း ပြုလုပ်ခဲ့သော သတင်းစာ ရှင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

ကော်မရှင် အဖွဲ့ဝင်များက သတင်းစာရှင်းပွဲ ပြုလုပ်နေစဉ်။(ဆင်ဟွာ)

ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ဖြေကြားနေစဉ်။(ဆင်ဟွာ)

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ ပွင့်လင်း မြင်သာမှု ရှိရမည်၊ မဲဆန္ဒရှင်များ၏ ဆန္ဒကို မှန်ကန်စွာ ထုတ်ဖော်ပေးနိုင်ရမည် ဟူသော ရွေး ကောက်ပွဲ ဆိုင်ရာ ဦးတည်ချက်များ အောင်မြင်ရန် သတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါသည်ဟု ကော်မရှင်က ယုံကြည်ကြောင်း၊ အလားတူ နိုင်ငံသား တစ်ဦးချင်းစီကလည်း ရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် မိမိတို့ ပါဝင် ကူညီ ဆောင်ရွက်ကြရန် သဘောပေါက်ဖို့ လိုကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကြီးအောင်မြင်ရေးအတွက် စီမံချက်များ ရေးဆွဲပြီး ဆက်စပ်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေရာတွင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၏ ကန့်ကွက်လွှာ အမှုနှစ်မှုကို UEC က ဖြေရှင်း ဆုံးဖြတ်ပေးရသည့်အပေါ်၌ ဝေဖန်မှုများ ရှိလာကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မဲဆွယ်စည်းရုံးမှုများနှင့်ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲပင် ဖြစ်သည့်တိုင် နိုင်ငံသားတို့၏ မူလ အခွင့်အရေးကို ဆုံးရှုံးမှု မရှိစေရေး အလို့ငှါ နိုင်ငံရေး လုပ်ငန်းများကို မိမိတို့ ရာထူး၊ တာဝန်မှ နုတ်ထွက်စရာ မလိုဘဲ ဆောင်ရွက်နိုင်၊ မဲဆွယ်နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ခုံးရုံးအဖွဲ့ဝင်များ၊ စာရင်းစစ်ချုပ်ရုံး စသည့် ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း ဝင်များသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည်ဟု ကျေညာ သည့်နေ့မှ စပြီး ပါတီ စည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရကြောင်း၊ နိုင်ငံပိုင် မြေ၊ အိမ်၊ ယာဉ် စသည့်တို့ကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ရယူ သုံးစွဲခွင့် မရှိကြောင်း၊ သို့ရာတွင် တာဝန်အရ ပေးအပ်ချီးမြှင့်ထားသည့် ပစ္စည်းများကိုမူ အသုံးပြုနိုင် ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်က အခိုင်အမာပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.