ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့် မြို့ ၌ နွံကန်ကျိုးပေါက်မှုဖြစ်ပွားရာမှ ကုမ္ပဏီဝန်ထမ်းများနှင့် စက်ယန္တရားများပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) နိုင်ငံတကာ ဆန်ဈေးကွက်များအတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကုန်သည် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက ပိုမို တွန်းအားပေး ပူးပေါင်း ဆောင်ရွက်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က...
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) လူအများတွင် Heat Stroke (အပူရှပ်) အန္တရာယ်ရှိလာပါက ကုသပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဗဟိုအဆင့်ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာန(Dog Bite Center)များ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) အိုင်ဗရီကို့စ် နိုင်ငံ၌ စားသုံးရန် မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိစစ်လေ့လာတွေ့ရှိချက်များ၊ ဖြစ်စဉ် အကြောင်းတရားများအပေါ် ယနေ့ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) မကွေးမြို့နယ် အတွင်း လူနေအိမ် တစ်လုံးမှတဆင့် ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး မီးလောင်ကျွမ်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အစည်းအဝေးများကို ဒုတိယအကြိမ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်း အဝေးများ ပြန် မစမီ ရက်သတ္တ...
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်/အဆောက်အဦများ ပြိုကျမှု ဖြစ်ပွားခဲ့ရာမှ လူ ၃ ဦး သေဆုံးသွားပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ၊ ပေကျင်းမြို့တွင် ကျင်းပ ပြုလုပ်မည့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်း နှင့် ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန်...
ရန်ကုန်၊ ဧပြီ ၂၀ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှုဖြစ်ပွားခဲ့ပြီး စက်ဘီးစီးနင်းသည့် အမျိုးသားသည် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။