Connect with us

Social

ပဲခူးကလပ်အား (၃၀)ခုမြောက် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်

အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်းအခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ စကားဝါလမ်းတွင် ပြုလုပ်သော ပဲခူးကလပ်အား (၃၀)ခုမြောက် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့၏ အမှတ်သင်္ကေတ တစ်ခုဖြစ်သော ပဲခူးကလပ် အဆောက်အအုံတွင် သမိုင်းကြောင်း များစွာ ရှိကြောင်း၊ အင်္ဂလိပ် ကိုလိုနီခေတ်ဦးမှစ၍ ယင်းအဆောက်အအုံတွင် ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့ပြီး ဆိုရှယ်လစ်ခေတ်ရောက်သည့်အချိန်အထိ ခေတ်အဆက်ဆက် သမိုင်းကြောင်း များစွာရှိကြောင်း၊ အဆိုပါသမိုင်းများက နောင်မျိုးဆက်အား ပဲခူးကလပ် အဆောက်အအုံမှတစ်ဆင့် လက်ဆင့်ကမ်းပေးနိုင်မှာ ဖြစ်ကြောင်း၊ အထင်ကရ အဆောက်အအုံများတွင် အပြာရောင်ကမ္ဗည်းပြား တပ်ထားခြင်းဖြင့် လူငယ်မျိုးဆက်များက သမိုင်းကြောင်းများကို အမှတ်ရနေမှာဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)၏ အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကိုလည်း အသိအမှတ်ပြုပါကြောင်း အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးကလပ်ကို ၁၈၇၁ ခုနှစ်တွင် မူလက ဗြိတိသျှစစ်တပ် တပ်စွဲသည့် ကန်တိုမင်ဧရိယာအတွင်း စတင်ဖွင့်လှစ်ပြီး ၁၈၈၂ ခုနှစ်တွင် ယခုတည်ရှိရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် ကလပ် အဆောက်အအုံကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဧည့်ခံရန် Prince of Wales ခန်းမဆောင်ကို ထပ်မံထည့်သွင်း တည်ဆောက်ခဲ့ကြောင်း၊ ပဲခူးကလပ်သည် နာမည်ကျော် ပဲခူးကလပ်ကော့တေး အစပြုခဲ့ရာလည်းဖြစ်ပြီး အဆိုပါကော့တေးသည် ၁၉၃၀ ခုနှစ်ခန့်တွင် ကမ္ဘာတစ်ဝန်း၌ လူကြိုက်များသည့် အဖျော်ယမာကာ ဖြစ်လာခဲ့ကြောင်း၊ ၁၈၈၉ ခုနှစ်တွင် အင်္ဂလိပ်စာရေးဆရာကြီး Ruyard Kipling သည် ပဲခူးကလပ်တွင် တစ်ညနေ လာရောက် အပန်းဖြေခဲ့ပြီး သူ၏ နာမည်ကျော် ”Mandalay” ကဗျာကို ကလပ်တွင် ကြားခဲ့ရသည်များအား အခြေခံ၍ ရေးစပ်ခဲ့သည့် အမှတ်တရများရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အလှူရှင်များ၏ ငွေကြေးထည့်ဝင်ကူညီမှု တို့ဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်သော အပြာရောင် ကမ္ဗည်းပြားများကို တပ်ဆင်ခြင်းမှာ ရန်ကုန်မြို့၏သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာ ရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ယနေ့ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.