ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မြူထူများဆိုင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်တွင် ကျပ် သိန်း ၂၅,၆၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မတ်လ ၁၈ ရက်(ဆင်ဟွာ) ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP:_ Karenni National Progressive Party)မှ ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ဘက်မှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို(NRPC ) တို့ တွေ့ဆုံပွဲကို နေပြည်တော် NRPC...
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အလောင်းတော်ကဿပလမ်း ၁၆မိုင် ၄ဖာလုံတွင် ယနေ့ နံနက် ၆နာရီဝန်းကျင်က ဘုရားဖူး Expressယာဉ် တိမ်းမှောက်မှုကြောင့် လူ ၅ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဧပြီလတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအကြို ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မတ်လ ၂၁ရက့်နှင့် မတ်လ ၂၃ရက် တို့တွင် ဘောလုံးခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ကစားသွားမည်...
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော် အား၂၀၁၉ခုနှစ် မှ ၂၀၂၃ခုနှစ်အထိ အထိ ရွေးချယ် တာဝန်ပေးခြင်းခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မတ်လ ၁၆ ရက်နံနက်ဝရး၀၀ နာရီတွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီး ၆ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို မတ် ၁၄ရက်က အဖွဲ့ဝင် ၁၄ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အနီးတွင် မတ် ၁၃ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။