Connect with us

Environment, Disasters & Accidents

လေပြင်းတိုက်ခိုက်မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုတွင် နေအိမ်များ အပျက်အစီးဖြစ်ပေါ်

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်အားတွေ့ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

မေ ၁၈ ရက်က လေပြင်းတိုက်ခိုက်မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုတွင် နေအိမ်များ အပျက်အစီးဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ် မှုကြောင့် မေ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း နေအိမ် ၉ လုံး၊ မကွေးတိုင်းဒေသကြီး၌ နေအိမ် ၉ လုံး၊ မန္တလေးတိုင်းဒေသကြီး၌ နေအိမ် ၂၄ လုံး၊ ရှမ်းပြည်နယ်၌ နေအိမ် ၅လုံး၊ ဧရာဝတီတိုင်းဒေသကြီး၌ နေအိမ် အလုံး ၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ခုတွင် နေအိမ် ၁၀၀ကျော် ပျက်စီးဆုံးရှုံးသည့်အပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သိုလှောင်ရုံ၊ ကြက်ခြံစသည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117