ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် ချောင်းဝကျေးရွာ၌ ဇန်နဝါရီ ၃ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၆၇ လုံး မီးကူးစက်လောင်ကျွမ်း ဆုံးရှုံးခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာစေရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် သစ်ကို ဇန်နဝါရီ လကုန်တွင် ခန့်အပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၁၉၅,၀၀၀ပြား၊(၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၃၉၀,၀၀၀,၀၀၀ ကျပ်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း၌ ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလကုန်အထိ ၅ လ အတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၁၄ မှု ဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ ၃၅ဝ ဦး ရှိကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆံဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ ဘောလုံးအသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများပြုလုပ် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တည်ဆဲကုမ္ပဏီများ နှင့် အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ရန် တိုက်တွန်းနှိုးဆော် ချက် အား ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်းအား ရန်ကုန်-စစ်တွေ ကားလမ်း၌ ဒေသန္တရလုပ် အဝေးထိန်းမိုင်း သုံးလုံးဖြင့် တစ်ပြိုင်တည်း ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ ချီးမြှင့်မည့် (၁) ကြိမ်မြောက် ၁,၀၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို ဖေဖော်ဝါရီ လ ၁ ရက်မှ စတင် ရောင်းချသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။