Connect with us

Politics, Law & Military

အကျဉ်သား ခြောက်ထောင်ကျော် မကြာမီ ထပ်လွှတ်မည်ဟု ဆို

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ဦးဇော်ဌေး ဖြေကြားနေစဉ်။

နေပြည်တော်၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် ဆက်လက်ပေးသွားမည့် အစီအစဉ်အရ တတိယ အသုတ်အဖြစ် အကျဉ်းသား ခြောက်ထောင်ကျော်တို့ကို မကြာမီ ထပ်မံ လွှတ်ပေးမည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေး မှူးချုပ် ဦးဇော်ဌေးက မီဒီယာသို့ ယနေ့ ပြောကြားခဲ့သည်။

“အခု ဒီနေ မှာ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နောက် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး — ပြည်နယ်တိုင်းဒေသကြီး ခုနစ်ခုက အဖွဲ့တွေကို ပြန် စိစစ်ပြီးတော့ ၆၉၄၈ ဦးကို ဒုတိယ အသုတ်အဖြစ် လွှတ်ပေးတာပါ။ နောက်တစ်သုတ်လည်း မြန်မာနိုင်ငံ အောက်ပိုင်းမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ သူတွေကို ပြန်လွှတ်ဖို့ ရှိတယ်။ အဲဒါလည်း ခြောက်ထောင်ကျော် လောက်ရှိပါတယ်” ဟု နေပြည်တော် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) ၌ မီဒီယာသို့ပြောကြားခဲ့သည်။

ပြန်လွှတ်ရာတွင် အဓိကအားဖြင့် မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်မှု ပုဒ်မ ၁၅၊ မူးယစ်ဆေးဝါး သုံးစွဲမှု ပုဒ်မ ၁၆ တို့နှင့် ပတ်သက်ပြီး အကျဉ်းကျသူများကို ဦးစားပေးကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) သုံးဖွဲ့က ၎င်းတို့၏့ အကျဉ်းကျ တပ်ဖွဲ့ဝင်များအား ပြန် လွှတ်ပေးရန် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြထားသည်တို့ကို ပြန်လွှတ်ဖို့ ရှိကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်ပြီး ပြောထားသော အချို့ကိစ္စများအတွက်လည်း ပြန်လွှတ်ပေး ဖို့ရှိပါကြောင်းလည်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။

ထို့အပြင် ၎င်းက “နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့လည်း အထူးသဖြင့် Assistant Association for Political Prisoners (AAPP) ရဲ့စာရင်းတွေကို ပြန်သုံးသပ်နေပါတယ်၊ လူကြီးတွေလည်း ဒါကို အလေးထားပြီး ဆောင်ရွက်နေပါတယ်။ မြန်မာ လူ့အဖွဲ့အစည်းကြားမှာ ကြီးကြီးမားမား ဖြစ်သွားတဲ့ လူတွေ ရှိတယ်။ အဲဒါတွေလည်း နောက်အသုတ် ကျရင် ပါလာဖို့ မှန်းထားပါတယ်။ တရားရုံးမှာ မပြီးပြတ်သေးတဲ့ အမှုတွေကတော့ တရားရုံးရဲ့ တရား စီရင်ပိုင်ခွင့်ကို စွက်ဖက်စရာ အကြောင်းမရှိဘူး၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ မရဘူး”ဟု ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် ပထမအသုတ်ကို မြန်မာနှစ်ဆန်း (၁)ရက်(ဧပြီ ၁၇ ရက်)တွင် စတင်ခဲ့ရာ အကျဉ်းသား ၉၅၅၁ ဦးတို့ကိုလည်းကောင်း၊ ဒုတိယ အသုတ်အား ယနေ့ ဧပြီ ၂၆ ရက်တွင် ၆၉၄၈ ဦးတို့ကိုလည်းကောင်း လွှတ်ခဲ့ပြီးဖြစ်ရာ ကိုးရက်အတွင်း ၁၆၄၉၉ ဦး ရှိသွားပြီဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.