Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၌ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၃၂ လုံး ဆုံးရှုံးပြီး လူတစ်ဦး ဒဏ်ရာရရှိ

မိတ္ထီလာမြို့အတွင်း မီးလောင်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်) ရပ်ကွက်တွင် မီးလောင်ကျွမ်းရာ နေအိမ် ၃၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဧပြီ ၂၇ ရက် နံနက် ၇နာရီကျော်တွင် မီးဖို မီးပလပ်ခုံမှ ဝါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် ၃၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါမီးစတင်လောင်ခဲ့သည့် နေအိမ်က အမျိုးသမီးတစ်ဦး လက်မောင်း/ လက်ပြင်/ ဝဲပါး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ထောင်စု ၄၈စု၊ လူဦးရေ ၂၅၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး နေအိမ် ၃၂လုံး နှင့် ကျပ်သိန်း ၂၃၀ကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ ဒေါ်ခင်သန်းနုအား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေ ရဲစခန်း(ပ)၂၆၀/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၈၅ (ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၇ ရက် နံနက်အစောပိုင်းတွင် မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ ထရံကာ/ ပျဉ်ခင်း နေအိမ် ၁၇ လုံး ဆုံးရှုံးခဲ့ကြောင်း၊အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး ဇော်ဦးအား မိတ္ထီလာမြို့နယ်၊ အမှတ်(၂)နယ်မြေ ရဲစခန်း(ပ)၁၅၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117