ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကိုယနေ့နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့ခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို ဆက်လက် ကျင်းပ လျက်ရှိရာ ဝူရှူးပြိုင်ပွဲ၏ ဒုတိယနေ့ဖြစ်သော ယနေ့နံနက်ပိုင်းတွင် မြန်မာအသင်းက ဝူရှူး (အတိုက်) ပြိုင်ပွဲ၌ အမျိုးသမီး – ၅၂ ကီလိုတန်းတွင် နီနီအေးက ရွှေ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၀ရက်နေ့ ညနေပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ မြန်မာအသင်းက စင်ကာပူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယနေ့ ညနေပိုင်း၌ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၌ ဘိန်းဖြူ/ဘိန်းညိုမှုန့် ၃၆၉.၈၀၄ ကီလိုဂရမ် (၁ ကီလိုလျှင် ကျပ် ၁၅၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၇၂,၄၅၁ တန်ဖိုးရှိ)အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) မူဆယ် မြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟ်ုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နယ်စပ်ဒုက္ခသည်စခန်း နှစ်ခုမှ ဌာနေတိုင်းရင်းသား ၁၁,၉၆၃ဦး ပြန်လည်ဝင်ရောက်ရန် စာရင်းရရှိထားကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပူတာအို၌ ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များကို ထပ်မံ စူးစမ်းရှာဖွေသွားရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။